DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးချုပ် ဦးညီပု လိုက်ပါလာသည့် ရိက္ခာပို့ရဟတ်ယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရ
DVB
·
September 9, 2017
ဝန်ကြီးချုပ် ဦးညီပု လိုက်ပါလာသည့် ရိက္ခာပို့ရဟတ်ယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရ
Donate to DVB

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု ဦးဆောင်လိုက်ပါလာတဲ့ နေရပ်စွန့်ခွာ တိမ်းရှောင် သူများအတွက် စုရပ်တွေကို ရိက္ခာပို့ဆောင်ပေးနေတဲ့ တပ်မတော်ရဟတ်ယာဉ်ဟာ စက်တင်ဘာ ၈ ရက်နေ့မနက်ပိုင်းက ရာသီဥတုအခြေနေကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၈ ရက် မနက် ၁၁ နာရီခွဲက စစ်တွေမြို့မှ မောင်တောဒေသ တပ်ချောင်းကျေးရွာကို စားနပ်ရိက္ခာပို့ဆောင်ဖို့ ထွက်ခွာပျံသန်းလာစဉ် ရာသီဥတုအခြေအနေကြောင့် ကျီးကန်းပြင်မှာ အရေးပေါ်ဆင်းသက်ခဲ့ရပေမယ့် စားနပ်ရိက္ခာတွေကို ဆက်လက် ပို့ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ နေရပ်စွန့်ခွာ ဒေသခံ မြိုနဲ့ ဒိုင်းနက် တိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ တပ်ချောင်းကျေးရွာနဲ့ မြို၊ ရခိုင်တိုင်းရင်းသားတွေ အများစု နေထိုင်တဲ့ သုပဏ္ဍကကျေးရွာတို့မှာ စားနပ်ရိက္ခာ ပို့ဆောင်ကူညီ ထောက်ပံ့ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

စုရပ်တွေကို ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ ကျန်းမာရေး အထောက်အကူပြု ဆေးပစ္စည်းတွေ၊ အဝတ်အထည်နဲ့ ဖိနပ်တို့လည်း ကူညီထောက်ပံ့ ပေးခဲ့တယ်လို့ ဆိုပါတယ်။

ARSA အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာကြသော စုရပ် နေရာတွေကို ရခိုင် ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ပူးပေါင်းကာ စားနပ်ရိက္ခာတွေကို နေ့စဉ် တပ်မတော်ရဟတ်ယာဉ်နဲ့ ပို့ဆောင်ပေးနေပါတယ်။

ဒါ့အပြင် ကားလမ်းတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပြုပြင်မွမ်းမံနေပြီး လမ်းတွေ ချောမွေ့သွားပါက စားနပ်ရိက္ခာတွေ ထပ်မံပို့ဆောင်ပေး သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖြော်ပထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013