DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေး ဂျပန်နိုင်ငံ မြန်မာသံရုံးရှေ့ အပြန်အလှန်ဆန္ဒပြ (ရုပ်သံ)
DVB
·
September 8, 2017
ရခိုင်အရေး ဂျပန်နိုင်ငံ မြန်မာသံရုံးရှေ့ အပြန်အလှန်ဆန္ဒပြ (ရုပ်သံ)
Donate to DVB

ဂျပန်နိုင်ငံ တိုကျိုမြို့က မြန်မာသံရုံးရှေ့မှာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နှစ်ဖက်အပြန်အလှန် ဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ဖြစ်ပွားနေတယ်လို့ ဂျပန်နိုင်ငံရောက် နိုင်ငံတကာ မွတ်ဆလင်အဖွဲ့ဝင် ၂၀၀ ကျော်က စက်တင်ဘာ ၇ ရက်နေ့က တိုကျိုမြန်မာသံရုံးရှေ့ လာရောက်ဆန္ဒပြခဲ့ကြပြီး ပလက်ဖောင်းတဖက်ခြမ်းမှာ ဂျပန်ရောက် မြန်မာနိုင်ငံသား ၂၀ ကျော်လောက်က တန်ပြန်ကာ ရခိုင်ဒေသမှာ အစွန်းရောက်အကြမ်းဖက် ARSA ကို ရှုတ်ချခဲ့ကြတာဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲမှာ ဂျပန်ရဲတပ်ဖွဲ့ဝင် အများအပြား လုံခြုံရေးယူခဲ့ကြပြီး တဖက်က ဆန္ဒပြသူတွေက သတ်မှတ်ထားတဲ့ စည်းကိုကျော်လာပြီး ဆန္ဒပြသူမြန်မာတွေကို အန္တရာယ်ပြုခြိမ်းခြောက်တာ ခံရတယ်လို့လည်း သိရပါတယ်။

“သူတို့က နိုင်ငံအစုံပဲ မြန်မာစကားလည်းမတတ်ကြဘူး။ ပါကစ္စတန်၊ ဘင်္ဂလား၊ တူရကီ တချို့ဟာတွေတော့ မသိဘူး။ ကျမတို့ မြန်မာနိုင်ငံမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုမရှိဘူး၊ ARSA ကို မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတယ်။ သူတို့ကို ထောက်ပံ့သူတွေကို အကြမ်းဖက်အဖြစ်သတ်မှတ်မယ်။ အဲဒါကို ဂျပန်မီဒီယာတွေကို သွားရှင်းပြတာပါ”လို့ ကိုယ်တိုင်သွားရောက်ခဲ့သူ မငွေနှင်းဆီက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့က ဂျပန်ရဲပေးတဲ့ စည်းမျဉ်းအတွင်းကနေ ဆန္ဒပြတာ သူတို့က ကျနော်တို့ကို သတ်မှတ်နေရာက လာပြီးအန္တရာယ်လာပြုကြတာလို့ ကိုသန့်မျိုးထွေးက ဆိုပါတယ်။
ကိုဝေဖြိုးက “အခုမြင်တဲ့အတိုင်းပဲလေ၊ ကျနော်တို့က ဂျပန်ရဲ့ သတ်မှတ်ဥပဒေအတွင်းက နေတယ် ပြတယ်။ သူတို့က ဂျပန်ဥပဒေလည်း မလိုက်နာဘူး ဘောင်ကျော်တယ်” လို့ ပြောပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013