DVB Logo
Home
မြန်မာသတင်း
ရွှေတုံးအတု ၈၀ ကျော် လိမ်လည်ရောင်းချသူ ၅ ဦးကို အမှုဖွင့်
DVB
·
September 8, 2017
ရွှေတုံးအတု ၈၀ ကျော် လိမ်လည်ရောင်းချသူ ၅ ဦးကို အမှုဖွင့်
Donate to DVB

မိတ္ထီလာမြို့တွင် ရွှေတုံးအစစ်ပြပြီး အတုနဲ့ လဲလှယ်ရောင်းချသွားတဲ့ တရုတ်အမျိုးသား ၄ ဦး နဲ့ တရုတ်အမျိုးသမီး ၁ ဦးကို စက်တင်ဘာလ ၇ ရက်က အမှုဖွင့်ထားတယ်လို့ ရဲက ပြောပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ သြဂုတ်လက နေအိမ်မှာရှိနေစဉ် ခင်ပွန်းဖြစ်သူ ဦးစံအေးနဲ့ ဆွေမျိုး တော်စပ်လို့ အလည်လာလိုကြောင်း ဖုန်းဆက်ပြီး တရုတ်အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး အိမ်ရာက်လာပြီး သတ္တုတွင်းတခုမှာ အလုပ်လုပ်လို့ ရွှေတုံးတွေရနေကြောင်း ပြောပြီး အသင့်ပါလာတဲ့ ရွှေတုံးတတုံးကို ပြသပြီး သွားစစ်ဆေးကြည့်တော့ ၄ သိန်း လောက် တန်ပြီး  ရွှေအစစ်ဆိုတာ သိရတယ်လို့ ဆိုပါတယ်။

နောက်တနေ့မှာ ဖုန်းဆက်ပြီး စစ်ဆေးပြီးရင် သူ့မှာ အလေးချိန် ၂ ကျပ်သား လောက်ရှိတဲ့ ရွှေတုံး ၈၀ လောက်ရှိတယ်၊ ရွှေတတုံးကို ၂၁ သိန်းနဲ့ ရောင်းမယ်၊ ဝယ်မယ်ဆိုရင် စက်တင်ဘာ ၄ ရက်နေ့ မိတ္ထီလာကို လာခဲ့မယ်လို့ ဖုန်းဆက်ကြောင်း၊ မအေးစန်းနဲ့ ခင်ပွန်းဖြစ်သူတို့ တောင်ကြီးကနေ မိတ္ထီလာကို ရောက်လာပြီး ကျပ်သိန်း ၂၂၀ နဲ့ ဒေါ်လာ ၁ သိန်း ပေးချေပြီး ဝယ်လိုက်ကြောင်း၊ လာရောင်းတော့ အလည်လာတဲ့ တရုတ် အမျိုးသားနဲ့ အမျိုးသမီးမဟုတ်ဘဲ နောက်ထပ် တရုတ်အမျိုးသား ၃ ဦးဖြစ်ပြီး တောင်ကြီးရောက်တော့ ဝယ်လာတဲ့ ရွှေတွေကို စစ်ဆးကြည့်မှ အတုတွေမှန်း သိရလို့  အမှုလာဖွင့်တယ်လို့ မတ္ထီလာ မြို့မရဲစခန်းက ပြောပါတယ်။

ဒုရဲအုပ်အောင်သူဟိန်းက “အမည်နေရပ်မသိရတဲ့ တရုတ် အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကို အမှုဖွင့်တာပါ၊ ဦးစံအေးနဲ့ ဇနီး ဒေါ်အေးစန်းက တရားလို လုပ်ပါတယ်၊ ဒီနေ့ပဲ အမှုလာဖွင့်တယ်၊ အမြန်ဆုံး ဖမ်းမိဖို့ လုပ်နေပါတယ်” လို့ ပြောပါတယ်။

မိတ္ထီလာမြို့မ ရဲစခန်းက လိမ်လည်မှု ရာဇသတ်ကြီးပုဒ်မ-၄၂၀ နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013