DVB Logo
Home
မြန်မာသတင်း
စက်တင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်
DVB
·
September 8, 2017
စက်တင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်
Donate to DVB

အခုနှစ် စက်တင်ဘာလ အတွင်းဘင်္ဂလားပင်လယ်အော်မှာ လေဖိအား နည်းရပ်ဝန်း(၁) ကြိမ်ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ(၁၅-၂၀)ရက်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှ အနောက်တောင်မုတ်သုန်လေ ဆုတ်ခွာသွားနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဒီကနေ့မနက် ၁၀နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်တင့်ရှိနေတယ်လို့ ဆိုပါတယ်။

တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက်နဲ့  ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်မှာ  လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိနိုင်ပြီး လှိုင်းအမြင့်။ (၄)ပေမှ (၇)ပေခန့်ထိရှိနိုင်တယ်လို့ လည်း မိုးဇလက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013