DVB Logo
Home
မြန်မာသတင်း
ကြို့ပင်ကောက်တွင် ကလေးငယ် ၅၀၀ ကျော်ကို အာဟာရဖြည့် နွားနို့တိုက်ကျွေး(ရုပ်သံ)
DVB
·
September 8, 2017
ကြို့ပင်ကောက်တွင် ကလေးငယ် ၅၀၀ ကျော်ကို အာဟာရဖြည့် နွားနို့တိုက်ကျွေး(ရုပ်သံ)
Donate to DVB

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ရှိ ကလေးငယ် ၅၀၀ ကျောင်းသား ကျောင်းသူ ၅၀၀ ကျော်ကို အာဟာရဖြည့် နွားနို့တိုက်ကျွေးတဲ့အစီစဉ် ပြုလုပ်ပေးနေပါတယ်။

စတိုင်ကုန်းရပ်ကွက်၊ ပျဉ်ထောင်ရပ် မူလတန်းကျောင်းနဲ့ ဒန့်ဒလွန်ကွင်း၊ ရဲတမံသန္ဓေကုန်း၊ လက်ပံပင်စု စတဲ့ ကျေးရွာတွေက မူလွန်နဲ့ မူလတန်း ကျောင်းသား ကျောင်းသူ ကလေးငယ်တွေကို သြဂုတ်လက စတင်ကာ မြို့နယ်ထဲက စာသင်ကျောင်းတွေကို အလှည့်ကျ အာဟာရ ဖြည့်စွက် နွားနို့တိုက်တဲ့ အစီအစဉ်တွေ ပြုလုပ်ပေးနေတာလို့ သာယာဝတီခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ခရိုင်ဦးစီးမှူး ဒေါက်တာဒေါ်မျိုးယုသိန်းက ပြောပါတယ်။

“ကျောင်းသား ကလေးငယ်တွေကို အာဟာရဖြည့်စွက် နွားနို့တိုက်ကျွေးရတာကတော့ ခရိုင် မွေးမြူရေးနှင့်ကုသရေးဌာနနဲ့ ကြို့ပင်ကောက်မြို့နယ်က တိုးမြင့်နို့ပေါင်းစက်ရုံကနေ အကျိုးတူ ပူးပေါင်း လစဉ်တိုက်ကျွေးတဲ့ အစီအစဉ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကျောင်းသား ကျောင်းသူ ကလေးငယ်တွေကို နွားနို့သောက်တဲ့ အလေ့အထလေးတွေ ဖြစ်စေချင်ပါတယ်။ နွားနို့သောက်ခြင်းဖြင့် ဉာဏ်ရည်ဖွံ့ဖြိုးလာမယ်၊ ကိုယ်ကာယ ဖွံ့ဖြိုးတိုးတက်လာမယ်။ သွားတွေ ခိုင်မာမှုနဲ့ ကျန်းမာရေးကအစ အားလုံး ပြည့်စုံစေတဲ့အတွက် ခရိုင်ကနေ နိုင်ငံတဝန်းလုံး အခုလို ကလေးငယ်တွေကို တိုက်ကျွေးနိုင်ခဲ့လျှင် အားလုံး အထောက်အကူဖြစ်မှာပါ”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013