DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ကို ဆန်တန်ချိန် ၁ သန်း တင်ပို့မည်
DVB
·
September 8, 2017
ဘင်္ဂလားဒေ့ရှ်ကို ဆန်တန်ချိန် ၁ သန်း တင်ပို့မည်
Donate to DVB

၂၀၀၅ ခုနှစ်နောက်ပိုင်းမှာ ဆန်တင်ပို့မှုမရှိသလောက်ဖြစ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆန်တန်ချိန် ၁ သန်း ရောင်းချဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ G to G နားလည်မှု စာချွန်လက်မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၇ ရက်နေ့က နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

“ဒီလိုတင်ပို့နိုင်ရင် တဖက်နိုင်ငံ နယ်စပ်ကနေ ပိတ်တလှည့် ဖွင့်တလှည့်နဲ့ ရောင်းရတဲ့ မသေမချာဈေးကွက်တွေကို စိန်ခေါ်နိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံအတွက် အခွင့်အရေးကြီးမားတဲ့ လက်မှတ်ရေးထိုးပွဲဖြစ်ပါတယ်” လို့ မြန်နိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အစွန်းရောက်အကြမ်းဖက်ဘဂါင်္လီတွေနဲ့ တိုက်ပွဲဖြစ်နေချိန်မှာ အခုလို ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ ဆန်တင်ပို့ဖို့ MOU ထိုးနိုင်တာဟာ နိုင်ငံရေးအရ အကျိုးရှိတယ်လို့လည်းဆိုပါတယ်။

နားလည်မှုစာချွန်လွှာကို ပထမအကြိမ်မှာ တန်ချိန် ၃ သိန်းတင်ပို့ဖို့ လက်မှတ်ထိုးသွားမှာဖြစ်ပြီး ၁၄ ရက်အတွင်း တန်ချိန် ၁ သန်း တင်ပို့ဖို့ ပြင်ဆင်သွားမှာဖြစ်ပါတယ်။ ဆန်တင်ပို့တာကို သုံးလအတွင်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013