DVB Logo
Home
မြန်မာသတင်း
ARSA အဖွဲ့၏ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မည့် သတင်းကြောင့် လုံခြုံရေးတိုးမြှင့်
DVB
·
September 7, 2017
ARSA အဖွဲ့၏ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မည့် သတင်းကြောင့် လုံခြုံရေးတိုးမြှင့်
Donate to DVB

 

ARSA အကြမ်းဖက်သမားတွေက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်နဲ့ တခြားမြို့ကြီးတွေမှာ  အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ ထုတ်ပြန်ချက်ထွက်လာပြီးနောက် ရဲတပ်ဖွဲ့က လုံခြုံရေးအင်အားတိုးမြှင့်ပြီး လှည့်ကင်းတွေနဲ့ လိုက်လံ စစ်ဆေးနေတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

“ရဲတပ်ဖွဲ့အနေနဲ့ကတော့ အရင်ဆောင်ရွက်နေကြ လှည့်ကင်း ပတ်ကင်းတွေအပြင် ရှောင်တခင် စစ်ဆေးမှုတွေပါ ပြုလုပ်နေပြီး အခုလိုလုပ်ဆောင်တာတွေကို ပြည်သူတွေဘက်ကပါ ပူးပေါင်း ဆောင်ရွက်လာတာကြောင့် ရဲတပ်ဖွဲ့လုပ်ငန်းစဉ်တွေမှာ ပိုမိုအားကောင်းလာတယ်”လို့ ဒဂုံမြောက်ပိုင်းက ယာယီစခန်းမှူးသန့်ဇော်မင်းက ပြောပါတယ်။

တာဝန်သိဟိုတယ်တွေအနေနဲ့လည်း အမည်မသိလူတွေ မသင်္ကာသူတွေ လာရောက်တည်းခိုတာတွေရှိရင် ရဲတပ်ဖွဲ့ကို တာဝန်သိစွာ အကြောင်းကြားတာတွေ ရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောဒေသကို ဘဂါင်္လီအရေးနဲ့ ပတ်သက်ပြီး ကမ္ဘာက ပိုမိုအာရုံစိုက်လာစေဖို့နဲ့ ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ အကြမ်း ဖက်မှုတွေကို ထောက်ခံလာစေဖို့အတွက် မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးတွေဖြစ်တဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်အပါအ၀င် အခြားမြို့ကြီးတွေကိုပါ အကြမ်းဖက် ဖောက်ခွဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်လျက်ရှိတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့တွင်းက မြို့နယ်တွေမှာလည်း လူစုလူဝေးတွေရှိမလာဖို့ ပြည်သူတွေ အေးချမ်းစွာနေနိုင်ဖို့ နေ့ရောညပါ လုံခြုံရေးဆောင်ရွက်ပေးနေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောပါတယ်။

စက်တင်ဘာ ၆ ရက်နေ့ ညနေ ၄ နာရီလောက်က မြောက်ဥက္ကလာပမြို့နယ် ဋ ရပ်ကွက် ခေမာသီလမ်းမပေါ်မှာ လူစုလူဝေးတခုဖြစ်ပေါ်ခဲ့ပြီး အချိန်မှီတားဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013