DVB Logo
Home
မြန်မာသတင်း
သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း ၄ မျိုး FDA ကြေညာ
DVB
·
September 7, 2017
သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း ၄ မျိုး FDA ကြေညာ
Donate to DVB

 

သုံးစွဲဖို့ မသင့်တဲ့ အလှကုန်ပစ္စည်း ၄ မျိုးရဲ့ အမည်စာရင်းကို  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ဒီကနေ့ ကြေညာပါတယ်။

ပြည်တွင်းမှာ ရောင်းချနေပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှာ မှတ်ပုံတင်ထားတာ မရှိတဲ့အပြင် ကျန်းမာရေးကိုထိခိုက်စေတဲ့ တားမြစ်ဓာတုပစ္စည်း (မာကျူရီ) ပါဝင်တဲ့အတွက် သုံးစွဲဖို့မသင့်ဘူးလို့ သတိပေးထားပါတယ်။

တရုတ်ဘာသာနဲ့ ဖော်ပြထားတဲ့ သုံးစွဲဖို့ မသင့်တဲ့ အလှကုန်ပစ္စည်း ၄ မျိုးမှာ JIAOBI Whitening Make up Base, JIAOBI Whitening Night Cream, JIAOBI Whitening & Moisturizing 3 in 1 Sample Sack, Jiao Li Speckle-Removing And Nourising Assembly စတဲ့ အမှတ်တံဆိပ် တွေ ဖြစ်ပါတယ်။

အဆိပ်သင့်ဓာတုပစ္စည်း မာကျူရီ(ပြဒါး)ကြောင့် အရေပြားယားယံတာ၊ ရောင်ရမ်းတာ၊ အဖြအနီကွက်တွေ ဖြစ်တာ၊ အရေးပြားကနေတဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူပြီး ထုံကျင်တာ၊ ကြွက်သားတုန်ခါ၊ ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာနဲ့ စိတ်ကျရောတွေအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ရောဂါနဲ့ အခြားရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့ FDA က ထုတ်ပြန်ပါတယ်။

ဖြန့်ဖြူရောင်းချတဲ့ ကုမ္ပဏီနဲ့ လက်လီလက်ကားဆိုင်တွေကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ)အရအရေးယူဆောင်ရွက်မယ်လို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013