DVB Logo
Home
မြန်မာသတင်း
ဒဂုံဆိပ်ကမ်းရှိ ဖုယွင်အထည်ချုပ်စက်ရုံအလုပ်သမားများ ဆန္ဒပြ
DVB
·
September 6, 2017
ဒဂုံဆိပ်ကမ်းရှိ ဖုယွင်အထည်ချုပ်စက်ရုံအလုပ်သမားများ ဆန္ဒပြ
Donate to DVB

ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်က ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားတွေဟာ အချိန်ပို လုပ်အားခရရှိရေးအပါအ၀င် အထွေထွေမပြေလည်မှုတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုချက် တွေကို အလုပ်ရှင်က မဖြေရှင်းပေးတာကြောင့် ဒီနေ့ နေ့လယ်က စတင် ဆန္ဒပြနေပါတယ်။

စက်ရုံတွင်းထုတ်ပြန်တဲ့စည်းကမ်းတွေကို အလုပ်သမားတွေရဲ့သဘောထားခံယူပြီး ပြန်စိစစ်ဖို့၊ ပုတ်ပြတ်ဝန်ထမ်းတွေကို အလုပ်ချိန် ၈ နာရီကျော်ရင် အချိန်ပိုကြေးပေးဖို့၊ လုပ်ငန်းခွင် ကျွမ်းကျင်ကြေးနဲ့ နှစ်ပြည့်ကြေးတွေတိုးမြှင့်ပေးဖို့၊ ထမင်းစားဆောင်ကို အနီးဆုံးတံခါးက သွားခွင့်ပြုဖို့နဲ့ ထမင်းစားနားချိန်မှာ လွတ်လွတ်လပ်လပ်နားခွင့်ပြုဖို့ စတဲ့ အချက် ၁၄ ကို  ပြီးခဲ့တဲ့ တနင်္လာနေ့က အလုပ်ရှင်နဲ့ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ကို ပေးပို့ခဲ့ပေမယ့် ကျေနပ်လောက်တဲ့ ဖြေရှင်းတာမျိုး မလုပ်ပေးလို့ ဆန္ဒဖော်ထုတ်တာလို့ အလုပ်သမားတွေက ပြောပါတယ်။

ဖုယွင်အထည်ချုပ်အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ ဒေါ်သက်ထားဆွေက “ခုထိတော့ အလုပ်သမားတွေ တောင်းဆိုတာကို ပေးမယ်လို့ မပြောသေးဘူး။ အုပ်ချုပ်ရေးက လူတွေနဲ့ အန်အယ်လ်ဒီက လူတွေတော့ လာကြတယ်။ မနက်ဖြန်ကို အလုပ်ရှင်ရော၊ အလုပ်သမားတွေရော မြို့နယ် အိုးအိမ်ရုံးမှာ တွေ့ဖို့ ချိန်းထားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစက်ရုံမှာ အလုပ်သမား ၉၀၀ လောက်ရှိပြီး အခု အလုပ်သမား ၃၀၀ လောက်ဟာ စက်ရုံအပြင်ဘက်မှာ ဆန္ဒဖော်ထုတ်နေတာဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး စက်ရုံဘက်ကဘယ်လို ဖြေရှင်းနေလဲဆိုတာ သိရဖို့ စက်ရုံ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ဒေါ်အိအိအောင်ကို ဆက်သွယ်ခဲ့ပေမယ့် လတ်တလောမှာ ပြန်မဖြေခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013