DVB Logo
Home
မြန်မာသတင်း
မော်လ်ဒိုက်နိုင်ငံက မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု ဖြတ်တောက်
DVB
·
September 6, 2017
မော်လ်ဒိုက်နိုင်ငံက မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု ဖြတ်တောက်
Donate to DVB

 

မော်လ်ဒိုက်နိုင်ငံက မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှု ဖြတ်တောက်လိုက်ပေမယ့် မြန်မာကုန်သည်တွေနဲ့ တောင်သူတွေအပေါ် ထိခိုက်မှုမရှိဘူးလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မွတ်စလင်တွေအပေါ် ဖိနှိပ်မှုတွေရှိနေတယ်လို့စွပ်စွဲပြီး  မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုတွေအားလုံးကို ဖြတ်တောက်ထားဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း  မော်လ်ဒိုက်အစိုးရက စက်တင်ဘာ ၃ ရက် နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာအစိုးရအနေနဲ့ ဖိနှိပ်မှုတွေကို တားဆီးဖို့ အရေးယူဆောင်ရွက်လာတဲ့အထိ  ကုန်သွယ်မှု ဖြတ်တောက်ထားမယ်လို့လည်းဆိုပါတယ်။

ဒီထုတ်ပြန်မှုကိုတော့ မော်လ်ဒိုက်အစိုးရက မြန်မာအစိုးရကို တရားဝင် အကြောင်းကြားတာမျိုးမရှိသေးဘူးလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မော်လ်ဒိုက်နိုင်ငံနဲ့ အခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄၀၀၀၀ ဖို့လောက်သာ ကုန်သွယ်မှု ပြုလုပ်ထားတဲ့အပြင် အဓိက ကုန်သွယ်မှုနိုင်ငံမဟုတ်တဲ့အတွက် မြန်မာကုန်သည်တွေနဲ့ တောင်သူတွေအပေါ် ထိခိုက်မှုမရှိဘူးလို့လည်းဆိုပါတယ်။

ဆယ်စုနှစ်တစ်ခုကျော် ပြတ်တောက်နေခဲ့တဲ့  မြန်မာ- မော်လ်ဒိုက် နှစ်နိုင်ငံ ကုန်သွယ်မှုဟာ ပြီးခဲ့တဲ့ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်ကမှ ပြန်လည်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အခုဘဏ္ဍာနှစ်မှာတော့ မြန်မာနိုင်ငံအနေနဲ့ ပဲတီစိမ်း ၂၄ တန်နဲ့ ရေထွက်ကုန်ပစ္စည်းအနည်းငယ်သာ တင်ပို့ခဲ့ပြီး၊ သွင်းကုန်အနေနဲ့ ဂျုံစေ့ တန် ၁၃၀ နဲ့ အဝတ်အထည် ကီလို ၃၀၀ လောက်သာရှိခဲ့တာပါ။

မော်လ်ဒိုက်နိုင်ငံအနေနဲ့ ကမ္ဘာ့ကုန်သွယ်ရေးနိုင်ငံအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့အတွက် အခုလို ကုန်သွယ်မှုလုပ်ငန်းအပေါ် တစ်ဖက်သက်ပိတ်ပင်တာမျိုး လုပ်ဆောင်မရဘူးလို့လည်း မြန်မာဘက်က ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ တို့နဲ့သာ အဓိကကုန်သွယ်မှုလုပ်ငန်းတွေ လုပ်ဆောင်နေတာ ဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ရဲ့ လက်ရှိကာလအထိ နိုင်ငံတကာ ကုန်သွယ်မှုပမာဏဟာ အမေရိကန် ဒေါ်လာ ဘီလီယံ ၃၀ လောက် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013