DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အကြမ်းဖက်မှုဖြစ်စဉ်တွင် အရပ်သားပြည်သူ ၂၈ ဦးသေဆုံး
DVB
·
September 6, 2017
ရခိုင်ပြည်နယ်အကြမ်းဖက်မှုဖြစ်စဉ်တွင်  အရပ်သားပြည်သူ ၂၈ ဦးသေဆုံး
Donate to DVB

 

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသမှာ  ARSA အစွန်းရောက် အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၂၈ ဦးသေဆုံးခဲ့ရတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။

သြဂုတ် ၂၅ရက်မှ စက်တင်ဘာ ၅ ရက်အထိ အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဒေသခံတိုင်းရင်းသား (၁၄) ဦး၊ ဟိန္ဒူဘာသာဝင် (၇)ဦးနဲ့ ဘင်္ဂလီ (၇)ဦး စုစုပေါင်း(၂၈)ဦး သေဆုံးခဲ့တာလို့ဆိုပါတယ်။

ဒါ့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ARSA အစွန်းရောက်အကြမ်းဖက်တွေ ထိတွေ့ တိုက်ခိုက်မှုပေါင်း (၉၇) ကြိမ် ဖြစ်ပွားခဲ့ရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင် (၁၃) ဦး ၊ နိုင်ငံ့ဝန်ထမ်း (၂) ဦး၊ စုစုပေါင်း (၁၅)ဦး ကျဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် (၁၅ ) ဦး ၊ နိုင်ငံ့ဝန်ထမ်း(၃)ဦး ၊ ဒေသခံတိုင်း ရင်းသား (၄) ဦး၊ စုစုပေါင်း (၂၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

 ARSA အစွန်းရောက်အကြမ်းဖက်သမား (၃၇၁) ဦးကို အသေရရှိကာ (၃၈) ဦးကို တော့ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

သြဂုတ် ၂၅ ရက်မနက်အစောပိုင်းက  မောင်တောခရိုင်အတွင်းရှိ နယ်ခြားစောင့် ရဲစခန်း ၃၀ ကျော်ကို  ARSA အစွန်းရောက်အကြမ်းဖက်သမားတွေက တစ်ချိန်တည်း တစ်ပြိုင်တည်း အင်အားသုံး အလစ်အငိုက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကျေးရွာပေါင်း (၅၉) ရွာ၊ အိမ်အလုံးရေ ( ၆၈၄၂) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး တံတား (၈ ) စင်း မိုင်းထောင် ဖျက်ဆီးခံခဲ့ရကာ  တိုင်းရင်းသား (၂၆၇၄၇) ဦး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပ်စွန့်ခွာခဲ့ရတယ်လို့ အစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကုလသမဂ္ဂကတော့  သြဂုတ်လကုန်ပိုင်းကတည်းက ရခိုင်ပြည်နယ်ကနေ မွတ်စလင် ၁၂၅၀၀၀ နီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာတယ်လို့ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့်  ဒီအရေအတွက်နဲ့ ပတ်သက်လို့  ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

လက်ရှိ မောင်တောဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားပြီး ညမထွက်ရအမိန့် ပုဒ်မ-၁၄၄ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013