DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်ဘေးအန္တရာယ်မှ ထွက်ပြေးတိမ်းရှောင်လာသူ ၂၆၀၀၀ ကျော်ရှိပြီ
DVB
·
September 6, 2017
အကြမ်းဖက်ဘေးအန္တရာယ်မှ ထွက်ပြေးတိမ်းရှောင်လာသူ ၂၆၀၀၀ ကျော်ရှိပြီ
Donate to DVB

 

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ သြဂုတ်၂၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် စက်တင်ဘာ၎ ရက်နေ့ စာရင်းအရ ဒုက္ခသည် ၂၆၀၀၀ ကျော်ရှိနေပြီလို့  အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီကထုတ်ပြန်ချက်အရသိရပါတယ်။

ဘူးသီးတောင်မှာ ၇၈၀၆ ဦး၊မောင်တောမှာ ၁၄၂၅၃ဦး၊ ရသေ့တောင်မှာ ၈၆၄ ဦး၊ ပုဏ္ဏားကျွန်းမှာ ၁၀၀ဦး၊ စစ်တွေမှာ ၂၉၉၈ ဦး၊ ကျောက်တော်မှာ ၅၅၈ဦး၊ မင်းပြားမှာ ၁၁၈ဦး၊ မြောက်ဦးမှာ ၅၀ဦး စုစုပေါင်း၂၆၇၄၇ ဦးရှိတယ်လို့ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက “သူတို့အတွက် စားဖို့သောက်ဖို့ကို လုပ်ပေးနေပါတယ်။ အရေးပေါ်ဆေးကုသမှုတွေ ကျနော်တို့ လုပ်ပေးနေတယ်။ အရေးကြီးတဲ့ လူနာတွေနဲ့ ဝန်ထမ်းတွေကို ရဟတ်ယာဉ်နဲ့တင်ပေးနေပါတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။

ဒါ့အပြင် မောင်တော-ဘူးသီးတောင်ဒေသက အကြမ်းဖက်မှုတွေကြောင့် စစ်တွေမြို့ကို ထွက်ပြေး တိမ်းရှောင်လာတဲ့ သူတွေ ဒီကနေ့ စက်တင်ဘာ ၆ ရက်နေ့ အထိဒုက္ခသည်ဦးရေ ၄၀၀၀ ကျော်ရှိနေပြီး ဒုက္ခသည်စခန်း၂၁ ခု ဖွင့်လှစ်ပြီး ကူညီဆောင်ရွက်နေကြပါတယ်။

အနောက်တံခါး လူမှုကယ်ဆယ်ရေးအဖွဲ့က အဖွဲ့ခေါင်းဆောင်ဦးအောင်ဋ္ဌေးက “အကြမ်းဖက်မှု တွေကြောင့်  ဒီကနေ့မနက်အထိထွက်ပြေးလာတဲ့ ဒုက္ခသည်အားလုံး ၄၀၀၀ ကျော်နေပြီ။ စခန်း အနေနဲ့ ၂၁ ခုဖွင့် လှစ်ထားပါတယ်။ အကုန်လုံးကျောင်းတော်ကြီးနဲ့ ဟိန္ဒူဘုရားကျောင်းတွေမှာ ထားပါတယ်။ ဒီကနေ့လည်း ဘူးသီးတောင်က အမြန်ယာဉ်နဲ့ တစီးထွက်လာတယ်လို့ သတင်းပို့ထားပါတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။

ဒါပေမယ့် အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ အသစ်ရောက်ရှိလာတဲ့ ဒုက္ခသည်တွေ ဦးရေများပြားလာတာကြောင့် အိမ်သာမလုံလောက်တာတွေ နေရာထိုင်းခင်း မလုံလောက်တာတွေနဲ့ တွေ့ကြုံနေရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တွေက ပြောပါတယ်။

စစ်တွေမြို့မှာ  ဓမ္မာရာမကျောင်း၊ အဓိဌာန်ကျောင်း၊ ပြည်ကြီးမဏ္ဏိုင်ကျောင်း၊ သရက်တောကျောင်း၊အလိုတော်ပြည့်ကျောင်း၊ ရတနာ့ဗိမ္မာန်ကျောင်းနဲ့ ဟိန္ဒူဘုရားကျောင်းတွေ အပါအ၀င်  ကယ်ဆယ်ရေးစခန်း၂၀ကျော် ဖွင့်လှစ်ပြီး ထွက်ပြေးတိမ်းရှောင်လာသူတွေကို ကူညီကယ်ဆယ်ပေးထားပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013