Home
မြန်မာသတင်း
ဒေသခံများအလိုရှိသည့်နေရာ၌ တံတားမဆောက်သဖြင့် လွှတ်တော်အမတ်ကို ဆန္ဒပြ
သော်ဇင်မျိုး
·
September 6, 2017
21371272_1321527744639672_5129883086256671374_n
21369255_1321527677973012_71840858237819729_n
21314390_1321527597973020_2144529850075609712_n
21272526_1321527544639692_8703337176840319285_n
21271296_1321527814639665_2174345800568696722_n
  ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် အင်းရဲ ကျေးရွာ အမှတ် ၃ ရပ်ကွက်နဲ့အမှတ် ၄ ရပ်ကွက်က ဒေသခံအချို့က တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်အပါအဝင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ဒီကနေ့ ကျုံပျော်မြို့ပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။ အင်းရဲ-ရုံးပင်-ဆည်လေး လမ်းပေါ်က အင်းရဲကျေးရွာက တံတားအသစ် ပြန်လည် တည်ဆောက်ဖို့လျာထားတာမှာ ဒေသခံတွေအလိုရှိတဲ့ မူလတံတားနေရာမှာ မဟုတ်ဘဲ တခြားနေရာမှာ ဆောက်လုပ်ဖို့ ရွှေ့ပြောင်း လျာထားတာပါ။ မူလတံတားနဲ့ အသစ်တည်ဆောက်ဖို့ လျာထားတဲ့ နေရာကတော့ ပေ ၄၀၀ ကွာဝေး ပါတယ်။ တံတားအသစ်ကို နေရာပြောင်းရွှေ့တည်ဆောက်မယ်ဆိုရင်တော့ လူနေအိမ်နဲ့ ဝေးတာကြောင့် လမ်းတံတားကို အမှီပြုရောင်းဝယ်တဲ့ ဒေသခံအချို့ အဆင်မပြေတော့ တာကြောင့် ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ ဆန္ဒပြရာမှာဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးသိန်းလွင်ကပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အပါအဝင် သက်ဆိုင်ရာဌာနကတော့ မူလတံတားနေရာမှာ တံတားအသစ် တည်ဆောက်မယ်ဆိုရင် လူနေအိမ်တွေနဲ့ မလွတ်ကင်းတာတွေများတဲ့အတွက် ပြောင်းရွှေ့တည်ဆောက်တာလို့ ပြောပါတယ်။ တံတားအသစ်တည်ဆောက်ဖို့ ဆောင်ရွက်တဲ့အခါမှာတော့ နေရာမလွတ်ကင်းတာ အချို့လည်း ရှိနေပြီး အဲ့ဒီအိမ်တွေကို လျော်ကြေးပေးဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ငွေကြေး ကောက်ခံတာတွေလည်းရှိနေတယ်လို့ ဒေသခံ ဦးခင်မောင်က ပြောပါတယ်။ အခုလိုဆန္ဒပြတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကို ဆက်သွယ်  မေးမြန်းခဲ့ပေမယ့် နယ်မြေဒေသ ကွင်းဆင်းနေတာကြောင့်  ဆက်သွယ်လို့ မရခဲ့ပါဘူး။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024