DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်း၌ တောင်ကျရေကြောင့် နေအိမ် ၈ လုံး မျောပါ၊ လူ ၁၀၀၀၀ ကျော် ရေဘေးသင့်
DVB
·
September 6, 2017
Donate to DVB

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ရှောက်ပင်ရိုးအုပ်စု ကျည်တောက်ပေါက်ကျေးရွာမှာ ဒီနေ့ မနက် ၅ နာရီလောက်က တောင်ကျရေတွေ ကျလာလို့  အိမ်ထောင်စုပေါင်း ၂၈၃၀ ကျော်မှ လူဦးရေ ၁၀၀၀၀ ကျော် ရေဘေးသင့်နေကြပါတယ်။

တောင်ကျချောင်းရေကြောင့် လူနေအိမ် ၈ လုံး ရေထဲမျောပါကာ အိမ်စီးကား ၄ စီး ရေနစ်မြုပ်ခဲ့ပါတဲ့အပြင် လူနေအိမ်တွေ၊ ဈေးတွေ၊ စာသင်ကျောင်းတွေလည်း ရေနစ်မြုပ်ခဲ့ပါတယ်။

ကျည်တောက်ပေါက်ကျေးရွာ ရာအိမ်မှူးဦးခိုင်စိုးလင်းက “တောင်ကျရေက မထင်မှတ်ဘဲ မနက် ၅ နာရီလောက်က ကျလာတာ။ တော်တော်လည်း ဒုက္ခရောက်ကျတယ်။ အကူညီတွေတော့ လိုတာပေါ့။ လက်ရှိ တရားဝင်အိမ်ထောင်စုကတော့ ၂၈၀၀ ကျော်ရှိတယ်။ တရားမဝင်တာရော ဆိုရင်တော့ ၃၀၀၀ ကျော်တယ်။ ကျနော်တို့ ချက်ချင်း ကူညီပေးဖို့ လုပ်ဆောင်နေပါတယ်။ အောက်ဖက်ကရွာတွေဖြစ်တဲ့ တရော်ပင်တို့၊ ညောင်ဝန်း၊ လက်ပံလှတို့လည်း တောင်ကျရေကြောင့် ရေနစ်မြုပ်နေတယ်”လို့ ပြောပါတယ်။

ဒေသခံ ကိုကျော်စွာဦးက “သက်ဆိုင်ရာအစိုးရအဖွဲ့မှ အမြန်ဆုံး လာရောက်ကူညီပြီး အားပေးစကား ပြောဖို့လိုအပ်တယ်။ ဒီတခါ တောင်ကျရေကျတာဟာ တော်တော်ကို ကြောက်ဖို့ ကောင်းတယ်။ ရေတွေက အလုံးအရင်းနဲ့ကို ကျတာ”လို့ ပြောပါတယ်။

အဆိုပါ ဒေသမှာ တောင်ကျရေ နှစ်စဉ်နှစ်တိုင်း ကျနေကျ ဖြစ်ပေမယ့် ဒီတခါ ကျလာတာဟာ အကြီးကျယ်ဆုံးနဲ့ ကြောက်စရာအကောင်းဆုံး တောင်ကျရေဖြစ်ပြီး လူအသေပျောက်ရှိ၊ မရှိ လိုက်လံစုံစမ်းနေကြဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013