DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ခွေးလေလွင့်ခွေးများတိုးပွားလာနေသဖြင့် ခွေးရူးပြန်ရောဂါသတိထားစေလို
DVB
·
September 6, 2017
ရန်ကုန်တွင် ခွေးလေလွင့်ခွေးများတိုးပွားလာနေသဖြင့် ခွေးရူးပြန်ရောဂါသတိထားစေလို
Donate to DVB

 

ရန်ကုန်မြို့မှာ  လေလွင့်ခွေးတွေအရေအတွက် ၂သိန်းခွဲလာက်ထိ တိုးပွားလာပြီး ခွေးကိုက်ခံရ တာနဲ့ ခွေးရူးပြန်ရောဂါ ဖြစ်တာလည်း တိုးလာတယ်လို့  မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ ရန်ကုန်တိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီရဲ့ မေးခွန်းကို ဖြေကြားရာမှာ  ပြောဆိုခဲ့တာပါ။

လေလွင့်ခွေးတွေကို အဆိပ်ချနည်းနဲ့ မဟုတ်ဘဲ တခြားနည်းလမ်းတွေနဲ့ အကောင်ရေ လျှော့ချဖို့ အစီအစဉ် မရှိဘူးလားလို့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားလှယ် ဦးညီညီက မေးမြန်းခဲ့ပါတယ်။

၂၀၁၄ခုနှစ်က မြို့တော် နယ်နိမိတ်အတွင်း လေလွင့်ခွေးကောင်ရေ ၁သိန်းခွဲလောက်ရှိပြီး တနှစ်မှာ ၂၀ ရာခိုင်နှုန်းက ၂၅ ရာခိုင်နှုန်းအထိတိုးလာတာကြောင့်လက်ရှိ မှာ ကောင်ရေ ၂ သိန်းခွဲလောက်ရှိနေတယ်လို့ ရန်ကုန်မြို့တော်ဝန်က ဖြေပါတယ်။

ဒါကြောင့် စည်ပင်အနေနဲ့ မလွဲသာလို့ အဆိပ်ချနည်းနဲ့ ရှင်းလင်း နေရတဲ့အပြင် ကာကွယ်ဆေးထိုးတာ၊ သားဆက်ခြားတာနဲ့  မေ့ဆေးနဲ့ဖမ်းပြီး လေလွင့်ခွေး ဂေဟာကို ပို့တာတွေလည်း လုပ်နေတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

ဒီလိုနှုန်းနဲ့ တိုးပွားနေမယ်ဆိုရင်တော့ လာမယ့် ၃ နှစ်လောက်အတွင်းမှာ လေလွင့်ခွေးကောင်ရေ ၄သိန်းခွဲလောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းပါတယ်။

လှိုင်သာယာမြို့နယ်မှာ နောက်ထပ် ဂေဟာတခုတည်ဆောက်နေပြီး လာမယ့် အောက်တိုဘာလမှာ လေလွင့်ခွေးကောင်ရေ ၈၀၀ လောက် ထပ်ပြီးလက်ခံထိန်းသိမ်းနိုင်ဖို့ ရှိနေပါတယ်။

မင်္ဂလာတောင်ညွန့်နဲ့ စမ်းချောင်းမြို့နယ်မှာ လမ်းဘေးခွေးတွေကို အဆိပ်မချဖို့ စည်ပင်သာယာနဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုတို့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲက လက်မှတ်ရေးထိုးခဲ့ပါတယ်။

စာချုပ်ရဲ့ နောက်ဆက်တွဲလုပ်ငန်းဖြစ်တဲ့ သားကြောဖြတ်တာ စတဲ့ လုပ်ငန်းတွေကို ထိထိရောက်ရောက်မလုပ်ခဲ့ဘူးလို့ မင်္ဂလာတောင်ညွန့် မြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ဒီဗွီဘီကို ပြောခဲ့ဖူးပါတယ်။

ကမ္ဘာပေါ်မှာ ခွေးရူးပြန်ရောဂါကြောင့် ၁၅ မိနစ်မှာ တယောက်နှုန်း သေဆုံးနေပြီး မြန်မာနိုင်ငံမှာတော့ နှစ်စဉ် လူ ၁၀၀၀ လောက်သေဆုံးနေပါတယ်။ ခွေးရူးပြန် ရောဂါဖြစ်ပွား သူတွေရဲ့တဝက် လောက်ဟာ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013