DVB Logo
Home
မြန်မာသတင်း
ငါးဖမ်းစက်လှေပြင်ဆင်ရာ၌ အချင်းချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား
DVB
·
September 6, 2017
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဓမင်းကုန်းရပ် အစင်ကျေးရွာနေ ရေလုပ်ငန်းရှင် ဒေါ်မီးငယ်ရဲ့ ငါးဖမ်းစက်လှေပေါ်မှာ စက်တင်ဘာ ၅ ရက်နေ့ မနက် ၉ နာရီအချိန်က အချင်းချင်း စကားများ ရန်ဖြစ်ကြရာကနေ လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ရေးမြို့မရဲစခန်းက တာဝန်ရှိသူက ပြောပါတယ်။

ရေးစခန်းမှူး ဒုရဲမှူးစိုးမွန်က “ငါးဖမ်းစက်လှေရှိ လှေပဲ့နင်းလုပ်ကိုင်သူ ဦးကျော်စိုးဦး အပါအဝင် ဓမင်းကုန်း ကျားတန်းဆိပ်ကမ်းမှာ စက်လှေအမိုးအကာ ကိုယ်ထည်အစိတ်အပိုင်းကို စက်ဆရာ ဦးမောင်ရွှေ၊ လှေသား ထွန်းအေး၊ မောင်စိုး၊ ကျော်ဇင်ဦး၊ ဇော်ဝင်းခိုင်တို့နဲ့အတူ ပြုပြင်နေစဉ် ထွန်းအေးနှင့် မောင်စိုးတို့မှာ စကားများရန်ဖြစ်ရာကနေ ထွန်းအေးမှ ဆိတ်ဂျိုတူနဲ့ မောင်စိုးဦးခေါင်းကို ရိုက်လိုက်တာကြောင့် ရေထဲကျကာ ဒဏ်ရာနဲ့ အလောင်းကို ညနေ ၅ နာရီခွဲက ဆယ်ယူခဲ့ရတယ်”လို့ ပြောပါတယ်။

သေဆုံးသူအလောင်းကို ရဲတပ်ဖွဲ့ဝင်တွေက မှုခင်းဆေးစာနဲ့အတူ ရေးဆေးရုံသို့ တင်ပိုပြီး စစ်ဆေးခဲ့ရာ မောင်စိုးမှာ ယာဘက်နားထင် သွေးထွက်ပေါက်ပြဲဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး ထွန်းအေးကို ဥပဒေအရအရေးယူပေးဖို့ ဦးကျော်စိုးဦးမှ တိုင်တန်းမှုပြုလုပ်ခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထွန်းအေးမှ ရေးမြို့မရဲစခန်းမှ (ပ)၂၁၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂အရ စက်တင်ဘာ ၅ ရက်နေ့ ညနေ ၆ နာရီ ၅ မိနစ်အချိန်က အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - နေမျိုးထွဋ် (ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013