DVB Logo
Home
မြန်မာသတင်း

မြန်မာအလုပ်သမားများအတွက် သက်သေခံလက်မှတ်ထုတ်ပေးသည့်လုပ်ငန်း တိုးချဲ့ဆောင်ရွက်ပေးမည်

နန်းမြနဒီ
·
September 6, 2017
မြန်မာအလုပ်သမားများအတွက် သက်သေခံလက်မှတ်ထုတ်ပေးသည့်လုပ်ငန်း တိုးချဲ့ဆောင်ရွက်ပေးမည်
Donate to DVB

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် စီအိုင်-အစိမ်းရောင်စာအုပ်လို့ ခေါ်တဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်တွေကို မဟာချိုင်၊ မယ်ဆိုင်၊ ဆမုပရကန်၊ ရနောင်း၊ မဲဆောက်စတဲ့မြို့တွေမှာ အပတ်စဉ် တနင်္လာနေ့ကနေ စနေနေ့ထိ  ဆောင်ရွက်ပေးနေ ရာက  ခုလ ၁၀ ရက်နေ့က စပြီး တနင်္ဂနွေနေ့မှာပါ ဆောင်ရွက်ပေးသွားတော့မှာ ဖြစ်ပါတယ်။

အလုပ်သမားတွေဟာ တနင်္ဂနွေနေ့ သူတို့အလုပ်နားရက်တွေမှာ လာပြီး လုပ်ရတာ ပိုပြီးအဆင်ပြေတာကို တွေ့ရှိရတဲ့အတွက် အခုလို စီစဉ်လိုက်ရတာဖြစ်တယ်လို့  ထိုင်းမြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။

“အလုပ်သမားတွေကို ကျနော်တို့မေးကြည့်တော့ သူတို့က စနေတနင်္ဂနွေက သူတို့ပိတ်ရက်၊ ပိတ်ရက်ဆိုတော့ ဘာပြောပြော လွတ်လွတ်လပ်လပ်သွားလုပ်လို့ရတာပေါ့၊ အဲဒီအတွက်ကို ခွင့်တောင်းစရာမလိုဘူး။ ကျန်တဲ့ရက်တွေဆို ခွင့်တောင်းရတယ်လေ။ ဒီဘက်ကလည်း ကောင်တာ  ဆားဗစ်တွေ ငွေသွင်းတာတွေ ပြန်ချိန်ရတာပေါ့။ ဆော့ဝ်၀ဲတွေ အကုန်လုံး အဆင်ပြေပြီဆိုတော့ ကျနော်တို့ တနင်္ဂနွေနေ့မှာ ဖွင့်ပေးမယ်။ မနက် ၈ နာရီကနေစ  ညနေပြီးတဲ့ထိပေါ့၊ ၀န်ထမ်းတွေ နားဖို့တော့ အင်္ဂါနေ့မှာ တရက်ပိတ်ပေးလိုက်တယ်။ အဲဒီတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ကနေ တနင်္လာနေ့ထိ လာလုပ်လို့ရတယ်။ အင်္ဂါပိတ်တယ်။”

အဆိုပါ စီအိုင်အစိမ်းရောင်ကတ်တွေကို ပြီးခဲ့တဲ့ ၂၀၁၇ မတ်လ ၃ ရက်ကနေ စတင် ဆောင်ရွက်ပေးနေရာမှာ ၂၀၁၇ စက်တင်ဘာလ ၄ ရက်နေ့ထိ ခန့်မှန်းခြေ အလုပ်သမားပေါင်း ၃ သိန်းကျော် လာရောက်ဆယ်သွယ်ဆောင်ရွက်ခဲ့ပြီး လုပ်ပေးဖို့ရှိတဲ့ အလုပ်သမားစုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းလောက် ပြီးသွားပြီလို့ သူက ဆက်ပြောပါတယ်။

လုပ်ငန်းတွေ ပိုမိုမြန်ဆန်အဆင်ပြေစေဖို့အတွက် အခုလက်ရှိ ဖွင့်လှစ်ထားတဲ့ စခန်း ၆ ခုအပြင် လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး  ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်၊ နခွန်းဆ၀မ်နဲ့ ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်တွေမှာ နောက်ထပ် စခန်း ၃ ခု တိုးချဲ့ပြီး ၀န်ဆောင်ပေးသွား ဖို့ရှိနေတယ်လို့ သိရပါတယ်။  

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013