DVB Logo
Home
မြန်မာသတင်း
မောင်တော- လောင်းဒုံအနီးတွင် အကြမ်းဖက်သမားများ ထောင်ထားသောမိုင်း တွေ့ရှိ
DVB
·
September 6, 2017
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း လောင်းဒုံကျေးရွာအနီး ကားလမ်းမပေါ်မှာ စက်တင်ဘာ ၅ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်က ARSA အစွန်းရောက် ဘင်္ဂါလီတွေ ထောင်ထားတဲ့မိုင်း တွေ့ရှိခဲ့ပါတယ်။

အကြမ်းဖက်ခံရပြီးနောက် ပိတ်မိနေတဲ့ကျေးရွာကို တပ်မတော် ယာဉ်တန်း အကူအညီနဲ့ သင်္ဂဟကမ်းလက်ရက္ခိ လူမှုကယ်ဆယ်ရေးအဖွဲ့တို့ ကယ်ဆယ်ရေးပေးဖို့ သွားရောက်ခဲ့ရာမှာ အခုလို တွေ့ရှိခဲ့တာပါ။

ကိုယ်တိုင် တွေ့ကြုံမြင်တွေ့ခဲ့တဲ့ သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့က ဥက္ကဋ္ဌ ကိုအမ်းသားကြီးက “ဒီကနေ့ ၁၀ နာရီဝန်းကျင် ကျနော်တို့ကနေပြီးတော့ တပ်မတော်ယာဉ်တန်း အကူအညီနဲ့ ပိတ်မိနေတဲ့ ရွာတွေကို ကယ်ဆယ်ရေးသွားပေးတာ။ အဲဒါမှာ ထောင်ထားတဲ့ မိုင်းတွေ တွေ့ရှိတယ်။ ဘင်္ဂါလီအကြမ်းဖက်သမားတွေ ထောင်ထားတာ။ ကျနော်တို့ကတော့ ရှေ့ဆက်ပြီးတော့ သွားတယ်။ တပ်မတော်က တပ်သားတွေကတော့ မိုင်းတွေ ရှင်းတယ်။”

မိုင်းကို ရှင်းလင်းနိုင်ခဲ့တာကြောင့် တပ်မတော်သားတွေ အပါအဝင် ကယ်ဆယ်ရေး အကူအညီသွားပေးမယ့်သူတွေ ထိခိုက်ဒဏ်ရာ ရတာတော့မရှိခဲ့ပါဘူး။

သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့က အဖွဲ့ဝင် ၇ ဦးအပါအဝင် တပ်မတော်သားတွေရဲ့ အကူအညီနဲ့ ကြိမ်ချောင်းကျေးရွာမှာပိတ်မိနေတဲ့ ရွာသားတွေကို  ကူညီဖို့ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၃ ရက်နေ့ကလည်း ပိတ်မိနေတဲ့ကျေးရွာကို တပ်မတော်ယာဉ်တန်းနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက  စားနပ်ရိက္ခာတွေ သွားရောက် ပို့ပေးဖို့ ကြိုးစားခဲ့ပေမယ့် အကြမ်းဖက်သမားတွေက လမ်းတွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတာကြောင့် လှည့်ပြန်ခဲ့ရပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013