DVB Logo
Home
မြန်မာသတင်း
ARSA က မြန်မာနိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်ရန်လုပ်ဆောင်နေဟု တပ်မတော် ထုတ်ပြန်
DVB
·
September 5, 2017
ARSA က မြန်မာနိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်ရန်လုပ်ဆောင်နေဟု တပ်မတော် ထုတ်ပြန်
Donate to DVB

ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားတွေက မြန်မာနိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေတာတွေနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးတွေဖြစ်တဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်အပါအ၀င် အခြားမြို့ကြီးတွေမှာ ARSA အဖွဲ့က အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်တာတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေတာပါ။

ရခိုင်ပြည်နယ်မြောက်ခြမ်းမှာ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားတွေက အကြမ်းဖက် တိုက်ခိုက်တာတွေ ပြုလုပ်နေချိန်နဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံကျင်းပဖို့ရှိတဲ့ စက်တင်ဘာလအတွင်း အချိန်ကိုက်ပြီး မြန်မာနိုင်ငံအတွင်းပိုင်းဒေသတွေမှာ အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်တာတွေ လုပ်ဆောင်ဖို့ အကြမ်းဖက်တာတွေကို အားပေးထောက်ခံတဲ့ ပြည်ပနိုင်ငံတခုမှာ စီစဉ်နေတယ်လို့ ထုတ်ပြန်ပါတယ်။

အဆိုပါနိုင်ငံတွေမှာ မြန်မာနိုင်ငံမှ သွားရောက်အလုပ်လုပ်နေကြတဲ့ အလုပ်သမားအချို့ကို လွန်ခဲ့တဲ့ ၄ လလောက်ကပင် အခြားနိုင်ငံ တနိုင်ငံမှာ အကြမ်းဖက်သင်တန်းတွေ စေလွှတ်သင်ကြားစေခဲ့ပြီး အဆိုပါအဖွဲ့တွေဟာ ဒေသန္တရပစ္စည်းတွေနဲ့ မိုင်းလုပ်နည်းတွေကို ကျွမ်းကျင်ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်သမားတွေရဲ့ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်- မောင်တောဒေသကို ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး ကမ္ဘာက ပိုမိုအာရုံစိုက်လာစေဖို့နဲ့ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်မှုကို ထောက်ခံမှု ရရှိစေဖို့ဖြစ်ကြောင်း သိရှိရပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံတ၀ှမ်းရှိ မြို့နယ်၊ ကျေးရွာတွေအလိုက် ပြည်သူလူထု တရပ်လုံးမှ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သမားတွေရဲ့ မသင်္ကာဖွယ်ရာ လှုပ်ရှားမှုသတင်းတွေ၊ ဖောက်ခွဲရေးသုံး ပစ္စည်းတွေ အထူးသဖြင့် အမိုနီယမ်နိုက်ထရိတ်(ပုလဲဓာတ်မြေသြဇာ) တရားမ၀င်စုဆောင်းနေတာတွေကို သိရှိပါက နီးစပ်ရာ တပ်စခန်း၊ ရဲစခန်းတွေနဲ့ တပ်ဌာနချုပ်တွေကို အကြောင်းကြားဖို့ အသိပေး နှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013