DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ ဖစ်ခ်ျပူရီခရိုင်ရှိ ဈေးထဲတွင် မြန်မာအမျိုးသမီးတဦးဓားဖြင့်ထိုးသတ်ခံရ
DVB
·
September 5, 2017
ထိုင်းနိုင်ငံ ဖစ်ခ်ျပူရီခရိုင်ရှိ ဈေးထဲတွင် မြန်မာအမျိုးသမီးတဦးဓားဖြင့်ထိုးသတ်ခံရ
Donate to DVB

 

ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ဖစ်ချပူရီခရိုင် ခေါင်ယွဲ့မြို့ထဲမှာ မနေ့ညက မြန်မာအလုပ်သမား အမျိုးသမီးတဦးကို သူမခင်ပွန်းဟောင်းကဓားနဲ့  ထိုးသတ်လို့ပွဲချင်းပြီး သေဆုံးသွားကြောင်း တီနယူးစ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ခေါင်ယွဲ့မြို့ ဆရဖန်းရပ်ကွက်ရှိ  နောင်ဆုမ့်ဈေးထဲမှာ ဓားထိုးမှုဖြစ်ပွားကြောင်း သတင်းအရ  တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာမှာ ရဲကင်းနဲ့ မီတာ ၁၀၀ ခန့်အကွာ တယ်လီဖုန်းဆိုင်ရှေ့မှာ သွေးအိုင်ထဲ မျက်နှာမှောက်လျှက်သေဆုံးနေသူ အမျိုးသမီးတဦးကိုတွေ့ရှိခဲ့တာပါ။

အလောင်းနဲ့ အနီးနားက သွေးစွန်းနေတဲ့ ၁၀ လက်မအရှည်  မီးဖိုချောင်သုံးဓားတချောင်း၊ တယ်လီဖုန်းထည့်ထားတဲ့ အိတ်တလုံးတို့ကို တွေ့ရကြောင်း၊ လူသတ်မှုကျူးလွန်သူကိုတော့ ဒီမတိုင်ခင်လေးမှာဘဲ  ကင်းတဲစောင့်ရဲတပ်ဖွဲ့နဲ့ ဈေးသူဈေးသားတွေက ၀ိုင်းဝန်းဖမ်းဆီးပြီး ရဲလက်ကို အပ်ခဲ့ပြီးဖြစ်တယ်လို့ ခေါင်ယွဲ့ရဲစခန်း တာဝန်ကျရဲအုပ် ဖုန်းဖန်းပရကျန်ဆီက သတင်းထောက်တွေကို ပြောပါတယ်။

သေဆုံးသူမှာ ကာလ်ကွမ်စက်ရုံမှ အလုပ်သမတဦးဖြစ်သူ မဇင်ဝါရီ (အသက် ၃၅ နှစ်) ဖြစ်ပြီး ၀မ်းဗိုက်၊ ဘယ်ဘက်နားထင်၊ လည်ပင်း စတဲ့နေရာတွေမှာ ဓားနဲ့ထိုးသွင်းရာ စုစုပေါင်း ၆ ချက်တွေ့ရှိရတယ်လို့ ရဲအုပ်က ပြောပါတယ်။

စစ်ဆေးမေးမြန်းချက်အရ ဓားထိုးမှုကျူးလွန်သူမှာ အသက် ၂၅ နှစ်ရွယ်ရှိ ကိုအောင်သူ ဆိုသူ ဖြစ်ကြောင်း၊ သူတို့ ၂ ဦးဟာ အရင်က အကြင်လင်မယားဖြစ်ကြောင်း၊  ကိုအောင်သူမှာ မူးယစ်သောက်စားပြီး ဇနီးကိုမကြာခဏရိုက်လေ့ရှိတဲ့အတွက် လင်မယားချင်း စကားများပြီး ပြတ်စဲထားကြတာ  ၂ လ လောက်ပဲရှိသေးတယ်လို့ ဆိုပါတယ်။

ဓားထိုးမှုမဖြစ်ခင် ကိုအောင်သူဟာ အဆိုပါဓားကို အဲဒီဈေးထဲကဘဲ ၀ယ်ယူခဲ့ကြောင်း၊ အဲဒီနောက် တယ်လီဖုန်းဆိုင်ရှေ့မှာ မဇင်ဝါရီနဲ့ စကားများရန်ဖြစ်ပြီး ကိုယ်ထိလက်ရောက် ရိုက်နှက်တဲ့အတွက် မဇင်ဝါရီက လဲကျသွားကြောင်း၊ ကိုအောင်သူက မဇင်ဝါရီရဲ့ ရင်ဘတ်ကို ခြေထောက်နဲ့ နင်းထားပြီး ဓားနဲ့ အချက်ပေါင်းများစွာ ထိုးခဲ့တယ်လို့  မျက်မြင်သက်သေတွေက ပြောပါတယ်။

အဆိုပါ ဓားထိုးမှုကို လူပေါင်း ၁၀၀ကျော် ကြည့်ရှုနေခဲ့ပြီး အန္တရာယ်ပြုခံရမှာစိုးလို့ ဘယ်သူမှ အနားမကပ်ရဲခဲ့ကြောင်း၊ ခနအကြာ ရဲတွေရောက်လာမှ လူအုပ်ကြီးက ရဲနဲ့အတူ ကိုအောင်သူကို ၀င်ရောက်ဖမ်းဆီးခဲ့ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013