DVB Logo
Home
မြန်မာသတင်း
ဇင်းကျိုက်မြို့တွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ ၁ ဦး သေဆုံး
DVB
·
September 5, 2017
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ပန်းကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်မှာ စက်တင်ဘာလ ၄ ရက်နေ့၊ ညပိုင်းက  လမ်းမအလယ်မှာ ကားနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိပြီး လူတဦးသေဆုံးခဲ့တယ်လို့ ဇင်းကျိုက်ရဲစခန်းက သိရပါတယ်။

စက်တင်ဘာ ၄ ရက် ည ၈ နာရီခန့်က ကားလမ်း တံတားအမှတ် (၂/၁၆၆) အနီးမှာ ရန်ကုန်ဘက်က မော်လမြိုင်ဘက်ကို ယာဉ်မောင်း လင်းလင်းထိုက် မောင်းနှင်ပြီး ကားပေါ်ပါသူ မုဒုံမြို့နယ်၊ ကွေ့ဝမ်းကျေးရွာအနောက်ပိုင်းနေသူ မူကြိုဆရာမ ဒေါ်သန်းသန်းဆင့် (၅၂-နှစ်)၊ မုဒုံမြို့နယ်၊ ကွေ့ဝမ်းကျေးရွာအရှေ့ပိုင်းနေသူ ဒေါ်စန်းစန်းအေး (၄၈-နှစ်)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့၊ ကမာဆစ်ရပ်ကွက်နေသူ လျှမ်းထက်ဇော် (၁၈-နှစ်) တို့ လိုက်ပါစီးနင်းလာတဲ့ မော်တော်ယာဉ်သည် ရန်ကုန်ဘက်က မော်လမြိုင်ဘက်ကို မောင်းနှင်လာချိန် ဇင်းကျိုက်မြို့၊ ပန်းကုန်းကျေးရွာ အရောက်မှာ  မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်ကို ယာဉ်မောင်း ချစ်ပိုဟိန်း မောင်းနှင်လာတဲ့ ဆိုင်ကယ်တို့ လမ်းအလယ်မှာ တိုက်မိခဲ့တာပါ။

ယာဉ်တိုက်မှုကြောင့် မော်တော်ယာဉ်မောင်းသူနဲ့ ယာဉ်ပေါ်ပါလာသူတွေ ဒဏ်ရာမရရှိပေမယ့် ဆိုင်ကယ်မောင်းနှင်သူ ချစ်ပိုဟိန်းမှာ နဖူးပေါက်ပြဲစုတ်ပြတ်ဒဏ်ရာ၊ မေးစေ့ ပေါက်ပြဲစုတ်ပြတ်ဒဏ်ရာ၊ နားနှစ်ဖက် သွေးထွက်ဒဏ်ရာ၊ ဝဲခြေသလုံး ပေါက်ပြဲစုတ်ပြတ် ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ယာဉ်မဆင်မခြင် မောင်းနှင်တာကြောင့် မျက်နှာချင်းဆိုင်မှ လာတဲ့ ဆိုင်ကယ်နဲ့ လမ်းအလယ်မှာ တိုက်မိ ဒဏ်ရာရရှိ သေဆုံးသူ ချစ်ပိုဟိန်းနဲ့ မော်တော်ယာဉ် မောင်းနှင်လာသူ လင်းလင်းထိုက်တို့ နှစ်ဦးကို ပေါင်မြို့မရဲစခန်းက ယာဉ်(ပ)၅၉/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့်ထားတယ်လို့ ရဲစခန်းမှတ်တမ်းများအရ သိရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013