DVB Logo
Home
Lead Story
မြန်မာ့ပဲတင်ပို့မှု ကန့်သတ်လိုက်သည့်အပေါ် အစိုးရကိုင်တွယ်ပုံ ရေရှည်အဖြေတခုလား - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
September 5, 2017
မြန်မာ့ပဲတင်ပို့မှု ကန့်သတ်လိုက်သည့်အပေါ် အစိုးရကိုင်တွယ်ပုံ ရေရှည်အဖြေတခုလား - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
Donate to DVB


ဒီတပတ်တင်ဆက်မယ့် အကြောင်းအရာကတော့ မကြာမီရက်ပိုင်းအတွင်းက မြန်မာ့ပဲတင်ပို့မှုကို ကန့်သတ်လိုက်ပါတယ်။ ဒီအပေါ်မှာ သန်းပေါင်းများစွာသော လယ်သမားတွေနဲ့ ထုတ်ထားတဲ့ ပဲ ၃ မျိုးကို ပဲကုန်စည်ဒိုင်တွေ ရပ်ခဲ့သလို အရောင်းအဝယ်တွေ လက်ထဲမှာ ကျန်ပါတယ်။ အစိုးရကလည်း စိုက်ပျိုးရေးဝန်ကြီးကတော့ ဒီကိစ္စကို ရန်ပုံငွေတရပ် ထူထောင်ပြီးတော့ အစိုးရက ကြားကနေ လောလောဆယ် ဝင်ရောက် ဝယ်ယူပေးခဲ့မယ်ပေါ့နော်။ အဲဒါနဲ့ပတ်သက်လို့ ဆွေးနွေးမှာဖြစ်ပြီး ဒီတပတ်ဆွေးနွေးမယ့်သူတွေကတော့ သင့်ဘဝမဂ္ဂဇင်း အယ်ဒီတာ ဆရာဦးတင်မောင်သန်းနဲ့ The Voice Weekly ထုတ်ဝေသူနဲ့ ဒု-အယ်ဒီတာချုပ် ဆရာဦးဇေယျာသူတို့ ဖြစ်ပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“အခု ဆရာတို့ သိတဲ့အတိုင်းပဲပေါ့နော်။ အိန္ဒိယက စပိတ်လိုက်တယ်။ ရုတ်တရက်လည်း ဖြစ်လာတယ်ပေါ့နော်။ အဲဒီလိုအခြေအနေမှာ လက်ထဲမှာရှိတာရော၊ နောက်ထွက်မယ့် ပဲတွေရော ပဲတန်ချိန် သုံး လေးသိန်းလောက် ရှိမှာပေါ့။ အဲဒါကို ကျနော်တို့ လောလောဆယ် ပိတ်တယ်။ ဈေးကွက်ကလည်း ဒီပဲတွေက အရည်အသွေးနိမ့်တော့ အိန္ဒိယဈေးကွက်ကိုပဲ သွားတယ်။ မြန်မာပြည်ပို့ကုန်ရဲ့ ၁၀ ရာခိုင်နှုန်းလောက် ရှိတယ်။ အစိုးရကတော့ ကြားဝင်ဆောင်ရွက်ပေးတာကတော့ ဝယ်လက်မရှိသေးတော့ ခဏဝင်ဝယ်ပေးတာပေါ့။ အဲဒါနဲ့ပတ်သက်ပြီး လက်ရှိ အစိုးရတုံ့ပြန်မှုရော၊ ဒီလိုဖြစ်တဲ့ကိစ္စအပေါ်မှာ ဘာများ သက်ရောက်မှုတွေရှိမလဲ၊ အစိုးရ အခုလို ကိုင်တွယ်တဲ့အပေါ်မှာရော ဒီဟာက ရေရှည်အဖြေတခုလား။ အဲဒီကစပြီး ဆရာ ဆွေးနွေးပေးပါ။”

ဦးတင်မောင်သန်း (သင့်ဘဝမဂ္ဂဇင်း အယ်ဒီတာ)

“အစိုးရရဲ့ စေတနာကိုတော့ လေးစားပါတယ်။ တောင်သူတွေ အခက်အခဲ ဖြစ်လာနိုင်တဲ့အတွက် ကူညီချင်တာ၊  ကုန်သည်တွေလက်ထဲမှာ ပဲတွေ ပိုက်မိနေတဲ့အတွက် ဒီလို စေတနာနဲ့ ဆောင်ရွက်တယ်လို့ နားလည်ပါတယ်။ သို့သော်လည်း ကျနော်တို့ အဓိက စီးပွားရေးအရ ပြောမယ်ဆိုရင် ဈေးကွက်ဆိုင်ရာ ကိစ္စတွေမှာ၊ ရောင်းခြင်း ဝယ်ခြင်း ကိစ္စတွေထဲမှာ အစိုးရ မူဝါဒတရပ်အနေနဲ့ ပါသင့်၊ မပါသင့်လားပေါ့နော်။ ကျနော် အထူးအထွေမေးဖို့ မလိုပါဘူး။ မြေတိုင်ခံရွာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်သူတွေ တွေ့တဲ့အခါမှာ သတ်မှတ်သီးနှံတွေကို သတ်မှတ်ဈေးနှုန်းနဲ့ ဝယ်ယူပေးဖို့ တောင်းဆိုချက်တခု ပါတယ်လို့ ကျနော် မှတ်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြောပြီးသွားပါပြီ။ အရည်အသွေးက အဓိကကျပါတယ်လို့ ပြောသွားပါတယ်။ အဲဒီနောက်ကနေကြည့်မယ်ဆိုရင် စိုက်ပျိုးရေးဝန်ကြီးဌာနက ပဲဝယ်တဲ့ ဘတ်ဂျက်အရည်အသွေး ပမာဏနဲ့ အရည်အသွေး မြှင့်တင်ဖို့ သုံးတဲ့ ပမာဏ ဘယ်လောက်ရှိတယ်ဆိုတာ ကျနော်တို့ စိတ်ဝင်စားနေပါတယ်။ ကျနော်တို့ကတော့ အသေးစိတ် ဘတ်ဂျက်တွေ မပြောနိုင်တဲ့အတွက် အခုအချိန်မှာ မပြောနိုင်သေးပါဘူး။ သူတို့ကလည်း အခု ပဲကို ဝယ်မယ့် မူဝါဒသည် ဒေါ်အောင်ဆန်းစုကြည် ဝမ်းတွင်းမှာ ကျေးလက်နဲ့ တွေ့တဲ့အခါမှာ ပြောတဲ့ မူဝါဒနဲ့ လာပြီးတော့ ပဋိပက္ခသဘောလေးများ ဆောင်နေသလား။ ဒါလေးကတော့ စဉ်းစားစရာ ဖြစ်ပါတယ်။ အရည်အသွေးမမီတဲ့အတွက် ဈေးကွက်ကိုလည်း ချဲ့လို့လည်း မရဘူး။ အီးယူကို ပို့မယ်ဆိုရင်လည်း ဓာတ်ကြွင်းပါဝင်မှု များတဲ့အတွက်ကြောင့် ပြန်ပြီးအပယ်ခံလိုက်ရတဲ့အတွက် မြန်မာနိုင်ငံရဲ့ ပဲဟာ နိုင်ငံတခုတည်းပေါ်ကို မှီခိုနေရတယ်ပေါ့။ ဒီလိုဖြေရှင်းတာကတော့ ယေဘုယျအားဖြင့် ဈေးမှာ သက်သာတယ်။ အစိုးရလက်ထဲမှာ လာပြီး ပိုက်မိနေမယ့် ပဲတွေကိုရော ဘယ်လို ပြန်ရောင်းမှာလဲ၊ ဘယ်လို ပြန်ပြီးသိုလှောင်မှာလဲဆိုတဲ့ ပြဿနာတွေက ရှိနေတယ်။”

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဆရာတင်မောင်သန်းကတော့ ဒီပြဿနာရဲ့ လောလောဆယ် အစိုးရရဲ့ ကြားဝင် ဆောင်ရွက်မှုနဲ့ ရေရှည်အတွက်ကို ပဲတွေရဲ့ အရည်အသွေး၊ သိုလှောင်ထားတာတွေကို ဘယ်လိုဝယ်မှာလဲ၊ ဘယ်နားမှာ ထားမှာလဲ၊ ဘယ်လို ပြန်ရောင်းမှာလဲပေါ့နော်။ အဲဒါလေး ဆရာ ပြောသွားပါတယ်။ ဆရာဇေယျာသူကို ဆွေးနွေးပါရစေ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဝင်လုပ်တယ်။ စောစောက ဆရာ ပြောသလို အရည်အသွေးကတော့ တော်တော်နိမ့်တယ်။ အိန္ဒိယဈေးကွက်တခုတည်း ရောင်းလို့ရတယ်ပေါ့။ ရေရှည်မှာရော တခြားဈေးကွက် ရှာမှာလား၊ ဒါမှမဟုတ် ဒီပဲတွေရဲ့ အရည်အသွေးကို ဘယ်လိုလုပ်မှာလဲ။ ဆရာဇေယျာသူ အဲဒါနဲ့ပတ်သက်ပြီး ဘာလုပ်သင့်တယ်လို့ ဆရာထင်လဲ။ ဖြည့်စွက်ဆွေးနွေးပေးပါဦ။”

ဦးဇေယျာသူ (ထုတ်ဝေသူ၊ ဒု-အယ်ဒီတာချုပ်၊ The Voice Weekly)

“ကျနော်ကတော့ ပြင်ဆင်မှုအပိုင်းပေါ့။ ပဲဈေးကွက်က အိန္ဒိယကို မှီခိုနေရတယ်ဆိုပြီး သိလာတာ ကြာလှပြီ။ အရင်အစိုးရတွေရော၊ အခုအစိုးရဆိုလည်း ဒါက မလုပ်နိုင်သေးဘူး။ အဲဒီအခါကျတော့ အိန္ဒိယဈေးကွက်က တခုခု ထဖြစ်ပြီ၊ သူတို့ဘာသာ အစိုးရကြောင့်ပဲဖြစ်ဖြစ်၊ ကုန်သည်ကြောင့်ပဲဖြစ်ဖြစ် ထဖြစ်ပြီဆိုရင် ဒီမှာ အောက်ခြေရွာတွေအထိ ရောက်သွားတယ်။ ဒါက နှစ် ၁၀၀ နေမှ တခါဖြစ်တာလည်း မဟုတ်ဘူးဆိုတော့ ကျနော်တို့ဘက်မှာ ပြင်ဆင်မှု အားနည်းနေတယ်။ ဆရာတင်မောင်သန်း ပြောသလို ဆက်စပ်ပြီးပြောရရင် ဈေးကွက်က အရည်အသွေးပေါ် မူတည်ပြီး ပို့ရတဲ့အခါကျတော့ အိန္ဒိယဈေးကွက်ကပဲ ယူသလို ဖြစ်နေတယ်။ အဲဒီအခါကျတော့ အရည်အသွေးတက်အောင် လုပ်ဖို့လိုတယ်။ ဆရာတင်မောင်သန်းက ခုနက ပြောခဲ့တယ်။ အစိုးရ ပဲတွေ ဝယ်ပေးမယ်ဆိုတဲ့ ဘတ်ဂျက်။ အဲဒီဘတ်ဂျက်ကို ယှဉ်ပြောသွားတယ်ပေါ့။ ကျနော်ကတော့ ဘာနဲ့ ပြောချင်လဲဆိုတော့ နိုင်ငံတွေမှာ ပညာရှင်တွေက ပြောကြတယ်။ ပြည်ပပို့ကုန် ဝင်ငွေ ဘတ်ဂျက်ထဲကို ရောက်မယ့် ပိုက်ဆံရဲ့ ၂ ရာခိုင်နှုန်းလောက်ကိုတော့ အဲဒီ Sector ရဲ့ သုတေသနစရိတ်ကို ပြန်သုံးရတယ်လို့ ပြောကြတယ်။ မြန်မာနိုင်ငံရဲ့ ဂျီဒီပီ ၁၀၀၀ ရှိတယ်ဆိုရင် တကယ်လို့ ပဲက ဆယ်ပုံတပုံ ဝင်ငွေရှိတယ်ဆိုတော့ အဲဒါဆိုရင် ပဲကနေ ၁၀၀ ထည့်ဝင်တယ်။ ပဲကနေ ၁၀၀ ရတယ်။ အဲဒါဆိုရင် ၁၀၀ ကို ၂ ရာခိုင်နှုန်းဆိုရင် ၂ ကျပ်လောက်တော့ ကျနော်တို့က သုံးရမယ်။ အခုဆိုရင် ဒေါ်လာ ၁ ဘီလီယံကို ပဲရောင်းရငွေရတယ်ဆိုရင် ဒေါ်လာ သန်း ၂၀ လောက်တော့ ပဲနဲ့ပတ်သက်တဲ့ သုတေသနကို၊ ဘယ်အချိန်မှာ ဘယ်ပဲကိုစိုက်ရင် အထွက်ကောင်းမလဲ၊ ပဲမျိုးစေ့ ကောင်းကောင်းရရင် မြန်မာပြည်နဲ့လိုက်တဲ့ ပဲမျိုးစေ့ကို ဘယ်လိုရအောင် လုပ်မလဲ။ ပြီးရင် အိန္ဒိယဈေးကွက်က ဘယ်လိုအခြေအနေတွေ ရှိနေလဲ၊ အစိုးရကရော မူဝါဒပြောင်းလဲဖို့ရှိလား။ အိန္ဒိယကို မရောင်းရင် ဘင်္ဂလားဒေ့ရှ်ကို ရောင်းမှာလား၊ ပါကစ္စတန်ကို ရောက်မှာလား။ အဲဒါနဲ့ပတ်သက်တဲ့ သုတေသနပိုက်ဆံက ဘယ်လောက်သုံးထားလဲ မသိဘူး။ ကျနော်တို့ကတော့ ဒေတာ အတိအကျ မရတော့ မသိဘူး။ ဒါပေမယ့် ကျနော့်စိတ်အထင် အဲဒီလောက်တော့လည်း မရှိဘူးထင်တယ်။ အဲဒါတွေကို ကျနော်တို့က ကြိုပြီးတော့ ပြေလည်အောင် ဖြေရှင်းထားဖို့လိုတယ်။ တခုခုဖြစ်ပြီဆိုရင် အိန္ဒိယအစိုးရကို သွားပြီးပြော၊ မြန်မာအစိုးရကို ပြောပြီးတော့ အဲဒါမျိုး အရေးပေါ်တွေပဲ ဖြစ်ဖြစ်သွားတယ်။ ဘာကိစ္စဖြစ်ဖြစ် အရေးပေါ် ဖြစ်နေတာတော့ မဟန်ဘူး။”

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013