DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာ ခြေအိတ်စက်ရုံ အလုပ်သမားများ စက်ရုံပိတ်ဆန္ဒပြ
DVB
·
September 5, 2017
Donate to DVB

ရန်ကုန် လှိုင်သာယာ စက်မှုဇုန် ၃ရှိ Myanmar DJY ခြေအိတ်စက်ရုံက အလုပ်သမားတွေဟာ အလုပ်ထုတ်ခံရသူတွေကို အလုပ်ပြန်ခန့်ဖို့အတွက် ၁ လနီးပါး ကြာတဲ့အထိ ညှိနှိုင်းဆွေးနွေးမှု အဆင်မပြေတာကြောင့် စက်ရုံပိတ် ဆန္ဒပြနေကြပါတယ်။

ခြေအိတ်စက်ရုံ အလုပ်သမားတွေအနေနဲ့ စက်တင်ဘာ ၄ ရက် ညနေက စပြီး စက်ရုံ ဝင်ပေါက် ထွက်ပေါက် အားလုံးကို ပိတ်ဆို့ကာ ကုန်ထုတ်လုပ်မှု ရပ်ဆိုင်းတဲ့ အဆင့်အနေနဲ့ အရှိန်အဟုန်မြှင့် ဆန္ဒပြနေတာပါ။

ဆန္ဒပြ အလုပ်သမားခေါင်းဆောင် ကိုစိုးသူရကိုက “မနေ့က စက်ရုံဘက်နဲ့ ညှိတဲ့အခါ ကျနော်တို့ တောင်းဆိုတဲ့ အလုပ်သမားတွေကိုမူလ ရာထူး၊ လစာနဲ့ ပြန်ခန့်ဖို့ ဒါမှမဟုတ် လျော်ကြေး နစ်နာကြေးပေးဖို့ကို စက်ရုံဘက်က တခုမှ လက်မခံဘူး။ အဲဒါကြောင့် မနေ့က ညနေ ၅ နာရီဝန်းကျင်ကစပြီး  ထိုင်သပိတ်အနေနဲ့ ဆန္ဒဖော်ထုတ်နေတာပါ”လို့ ပြောပါတယ်။

စက်ရုံမှာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းတာကို အကြောင်းပြုပြီး အလုပ်သမားခေါင်းဆောင်ကို အလုပ်က ထုတ်ပယ်လိုက်တဲ့အတွက် အလုပ်ပြန်ခန့်ပေးဖို့ သြဂုတ် ၇ ရက်နေ့က စပြီး စက်ရုံရှေ့မှာ ဆန္ဒဖော်ထုတ်နေတာပါ။

အဲဒီနောက် စက်ရုံက သြဂုတ် ၂၂ ရက်မှာ ဆန္ဒပြအလုပ်သမား ၂၂၉ ဦးကို  အလုပ်က ထုတ်လိုက်တဲ့အတွက် အလုပ်ပြန်ခန့်ပေးဖို့ ဆက်လက်တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ဒီအငြင်းပွားမှုကို လာမယ့် စက်တင်ဘာ ၆ ရက်နေ့မှာ အလုပ်ရှင်နဲ့ အလုပ်သမား ထပ်မံညှိနှိုင်းသွားဖို့လည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013