DVB Logo
Home
မြန်မာသတင်း
ARSA အစွန်းရောက်အကြမ်းဖက်သမား ၁ ဦးကို ဖမ်းမိ
DVB
·
September 4, 2017
ARSA အစွန်းရောက်အကြမ်းဖက်သမား ၁ ဦးကို ဖမ်းမိ
Donate to DVB

 

ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်တွေမှာ ပါဝင်တဲ့ ARSA အစွန်းရောက် အကြမ်းဖက်သမား ၁ ဦးကို ဖမ်းဆီးရမိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဖေဇီကျေးရွာမှာ စက်တင်ဘာ ၁ ရက် ညနေ ၆ နာရီခွဲလောက်က မသင်္ကာဖွယ်လူ ၁ ဦးအား ကျေးရွာသားတွေက ဖမ်းဆီးရမိထားကြောင်း သတင်းရရှိလို့ မောင်တောခရိုင်မှ ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာ မောင်တောမြို့နယ်၊ မြို့သူကြီးကျေးရွာဟောင်းနေ အဒူမော်နက်(ဘ) ဆူလ်တန်နာမောက်ဆိုသူဖြစ်ကြောင်း စုံစမ်းသိရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ အဒူမော်နက်ဆိုသူဟာ သြဂုတ် ၂၆ ရက် မနက် ၁၁ နာရီလောက်က မောင်တောမြို့နယ်၊ မြို့သူကြီးကျေးရွာအတွင်း နယ်မြေရှင်းလင်းနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လက်နက်ငယ်တွေနဲ့ ချောင်းမြောင်းပစ်ခတ်တာ၊ ဆွဲမိုင်းတွေနဲ့ ဖောက်ခွဲ တိုက်ခိုက်တာ စတဲ့ အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်တွေမှာ ARSA အစွန်းရောက်အကြမ်းဖက်သမားတွေနဲ့အတူ ပါဝင်ခဲ့သူဖြစ်ကြောင်း သိရှိရပါတယ်။

အဆိုပါဖမ်းဆီးရမိတဲ့ ARSA အစွန်းရောက်အကြမ်းဖက်သမားအား မောင်တောမြို့မရဲစခန်းက ရဲလုပ်ထုံး လုပ်နည်းတွေနဲ့အညီ ဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013