DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
September 4, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၅၈၀,၀၀၀ ဈေးရှိနေပြီး ပြီးခဲ့တဲ့ သောကြာနေ့ ဈေးနဲ့ယှဉ်ရင် ၁၆,၀၀၀ ကျပ် ဈေးကျသွားပါတယ်။

ပဲစင်းငုံနီ
ပဲစင်းငုံနီ(RC)ကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၄၄၅,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၂၀,၅၀၀ ကျပ် ဈေးကျသွားပါတယ်။

ပဲတီစိမ်း
ပဲတီစိမ်း ၁ ပိဿာကို ၁,၅၃၀ ကျပ်ကနေ ငွေကျပ် ၂,၂၅၀ ဈေးရှိနေပြီး ပြီးခဲ့တဲ့ သောကြာနေ့ ဈေးနဲ့ယှဉ်ရင် ၃၀ ကျပ် ဈေးတက်လာပါတယ်။

ကုလားပဲခြမ်း
ကုလားပဲခြမ်းကတော့ ၁ ပိဿာကို ၂,၇၀၀ ကျပ်ကနေ ငွေကျပ် ၂,၈၀၀ ရှိပြီး ပြီးခဲ့တဲ့ သောကြာနေ့ ဈေးနဲ့ယှဉ်ရင် ၁၀၀ ကျပ် ဈေးကျသွားပါတယ်။

ပန်းနှမ်း
မန္တလေး ကုန်စည်ဒိုင်မှာတော့ ပန်းနှမ်းက ၁ အိတ်ကို ငွေကျပ် ၆၅,၀၀၀ ဈေးရှိနေပြီး ၁,၀၀၀ ကျပ် ဈေးကျသွားပါတယ်။

နှမ်းညို
မန္တလေး ကုန်စည်ဒိုင်မှာတော့ နှမ်းညိုက ၁ အိတ်ကို ငွေကျပ် ၈၉,၀၀၀ ကနေ ငွေကျပ် ၉၁,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၄,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

နှမ်းနက်(စမုံ)
နှမ်းနက်(စမုံ)ကတော့ ဒီနေ့မှာ ၁ အိတ်ကို ငွေကျပ် ၁၂၅,၀၀၀ ကနေ ၁၂၇,၀၀၀ ကျပ်ဈေးရှိနေပြီး ပြီးခဲ့တဲ့ သောကြာနေ့ ဈေးထက်စာရင် ၁ အိတ်ကို ၅,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲပုတ်(ဗမာ)
ပဲပုတ်(ဗမာ)က ဒီနေ့မှာ ၁ အိတ်ကို ငွေကျပ် ၉၂,၀၀၀ ဈေးရှိနေပြီး ပြီးခဲ့တဲ့ သောကြာနေ့ ဈေးထက်စာရင် ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးကျသွားပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013