DVB Logo
Home
မြန်မာသတင်း
အမှုပြန်ရုပ်သိမ်းပေမယ့် တရားရုံးက လွှတ်မိန့်မချသည့်အပေါ် ဦးအေးနိုင်၏ပြောကြားချက်
DVB
·
September 4, 2017
အမှုပြန်ရုပ်သိမ်းပေမယ့် တရားရုံးက လွှတ်မိန့်မချသည့်အပေါ် ဦးအေးနိုင်၏ပြောကြားချက်
Donate to DVB

မတရားသင်း ဥပဒေ ပုဒ်မ ၁၇(၁)နဲ့ စွဲထားတဲ့ အမှုကို တပ်မတော်က ပြန်ရုပ်သိမ်း လိုက်ပြီဖြစ်ပေမယ့် သီပေါတရားရုံးက လွှတ်မိန့်ချမှတ်ခြင်းမရှိသေးဘဲ စက်တင်ဘာ ၁၅ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်တဲ့အပေါ် တရားစွဲခံထားရတဲ့ ဒီဗွီဘီအကြီးတန်းသတင်းထောက် ဦးအေးနိုင်ရဲ့ ပြောကြားချက်။

အပြည့်အစုံ

“ကျနော်တို့ရဲ့ရှေ့နေ ရှင်းပြသွားပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီးတော့ တရားလိုကလည်း ရုပ်သိမ်းပြီးသွားပြီ။ တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်ဘက်ကလည်း ပြောပြီးသွားပြီဆိုတဲ့ ကိစ္စမျိုးမှာ ဒီလိုမျိုး အားကောင်းချက်တွေရှိတယ်။ ရှိတဲ့နေရာမှာ ပြစ်မှုဥပဒေအရဆိုရင် ထောင်ဒဏ် ၇ နှစ်လောက်အထိအောင် ကျခံနိုင်လောက်တဲ့ အမှုလောက်ထိအောင် မြို့နယ်တရားသူကြီးအနေနဲ့ သူတို့ လွှတ်ပေးမယ်ဆိုရင် အမှုဖြတ်မယ်ဆို ဖြတ်လို့ရတယ်။ သို့သော်လည်း ဘယ်အကြောင်းအရာတွေ ထောက်ချင့်ပြီးတော့ဆိုတာ ကျနော်တို့ သဲသဲကွဲကွဲ မသိဘူး။ ဒီလိုမျိုး ကျနော်တို့ဆိုရင် ၃ နှစ်၊ ၅ နှစ်၊ ၇ နှစ်အောက် ကျခံကောင်း ကျခံရနိုင်တဲ့ အမှုမျိုးကို တရားသူကြီးက သူကိုယ်တိုင် ရဲရဲတင်းတင်း မဆုံးဖြတ်ဘဲနဲ့ ထပ်မံပြီးတော့ အပေါ်ကို ဥပဒေအကြောင်းအရာအရ ပိုမိုသေချာ သေသပ်တာမျိုး သူဆောင်ရွက်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ မသိဘူး။”

“သို့သော်လည်း  ၇ နှစ်လောက်ထိအောင် ဆုံးဖြတ်နိုင်တဲ့ တရားသူကြီးက အပေါ်ကို ပို့လိုက်တဲ့အခါမှာ ကျနော်တို့ကို ရုံးပြန်ချိန်းတယ်။ ရုံးပြန်ချိန်းတဲ့အခါမှာ မိသားစုဘဝတွေ၊ အလုပ်အကိုင်ဘဝတွေ ရှိတယ်။ ကျနော်တို့ရဲ့ ခရီးစရိတ်တွေ ရှိတယ်။ ပြောရမယ်ဆိုရင် ကျနော်တို့တင်မကဘူး။ မြန်မာပြည်က လူတွေကလည်း တပ်မတော်က ဒီလိုမျိုး သဘောထားကြီးတယ်ဆိုပြီး လှိုက်လှိုက်လှဲလှဲ ဖြစ်နေတဲ့အချိန်မှာ ဒီလိုမျိုး ဖြစ်သွားတော့ တော်တော်လေး ကသိကအောက် ဖြစ်သွားတယ်။ မလိုအပ်ဘဲနဲ့ ကျနော်တို့က ဒါတွေ ပြောနေရတော့ ကျနော်တို့က တပ်မတော်ကို တိုက်ခိုက်တယ်၊ တိုက်ခိုက်တယ် ဆိုပြီး ပြောနေကြတယ်။ တကယ်ကတော့ မဟုတ်ဘူးဗျ။ ကျနော်တို့က အမှန်အတိုင်းကို ပြောနေတာ။ ပြီးရမယ့်ကိစ္စကို မပြီးတာပါ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013