DVB Logo
Home
မြန်မာသတင်း
ဗန်းမော်ဆရာတော်ကြီး၏ သက်တော် ၈၈ နှစ်ပြည့် ၀ိဇာတပူဇာမွေးနေ့ပွဲ (သတင်းဓာတ်ပုံ)
DVB
·
September 4, 2017
ဗန်းမော်ဆရာတော်ကြီး၏ သက်တော် ၈၈ နှစ်ပြည့် ၀ိဇာတပူဇာမွေးနေ့ပွဲ (သတင်းဓာတ်ပုံ)
1 / 6
Donate to DVB

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ကမ္ဘာ့ငြိမ်းချမ်းရေးဂုဏ်ထူးဆောင် ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသရဲ့ သက်တော် ၈၈ နှစ်ပြည့် ၀ိဇာတပူဇာမွေးနေ့ အခမ်းအနားကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်မှာ  ဒီကနေ့ကျင်းပပါတယ်။

အခမ်းအနားကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ၊ ရွှေကျင်နိကာယဥပ ဥက္ကဋ္ဌ ရွှေကျင်တွဲဖက်သာသနာပိုင် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တဉာဏိဿရ သီတဂူဆရာတော်ဘုရားနဲ့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာချုပ် ဗိုလ်မှူးချုပ် အောင်ခင်ဇော်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ အစိုးရဖွဲ့ဝင်တွေနဲ့ ကျောက်မျက်ရတနာ လုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ပြီး သင်္ကန်းနဲ့လှူဖွယ်ပစ္စည်းတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

မွေးနေ့မင်္ဂလာပွဲကို မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ်နဲ့ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေး) တို့ ပူးပေါင်း ဓမ္မဒါနပြု ပူဇော်တာဖြစ်ပါတယ်။

သတင်းဓာတ်ပုံ-အောင်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013