DVB Logo
Home
မြန်မာသတင်း
စည်းကမ်းချိုးဖောက်ယာဉ်များအား Viber ဖြင့် တိုင်ကြားမှု ၁၆၀၀၀ ကျော်ရှိခဲ့
DVB
·
September 4, 2017
စည်းကမ်းချိုးဖောက်ယာဉ်များအား Viber ဖြင့် တိုင်ကြားမှု ၁၆၀၀၀ ကျော်ရှိခဲ့
Donate to DVB

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်တဲ့ ယာဉ်တွေကို Viber နဲ့ တိုင်ကြားခဲ့တဲ့ အမှုပေါင်းဟာ ၂ နှစ်အတွင်း ၁၆၀၀၀ ကျော်ရှိတယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

Viber နဲ့ တိုင်ကြားတာ စတင်ခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ သြဂုတ် ၁၂ ရက်နေ့ကနေ ၂၀၁၇ သြဂုတ် ၃၁ ရက်အထိ  အရေးယူ အမှုစာရင်း စုစုပေါင်း ၁၆၆၀၀ ကျော်ရှိတယ်လို့ ဒီနေ့ ထုတ်ပြန်လိုက်တာပါ။

လာရောက်ဒဏ်ဆောင်ပြီးတဲ့ အမှုကတော့ ၉၉၀၀ ကျော်ရှိပါတယ်။

အမှတ် ၂ ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) က Online Complaint Centre, Viber ကတဆင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်တဲ့ ယာဉ်တွေကို တိုင်တန်းရင် ထိထိရောက်ရောက် အရေးယူပေးနေတယ်လို့လည်း ထုတ်ပြန်ပါတယ်။

Viber ဖုန်းနံပါတ်တွေကို ပေးပို့တိုင်တန်းမယ်ဆိုရင် ကျူးလွန်တဲ့ ပြစ်မှု၊ ယာဉ်နံပါတ်ပါတဲ့ ထင်ရှားတဲ့ မှတ်တမ်းဓာတ်ပုံ၊ နေ့ရက်၊ အချိန် ၊ နေရာနဲ့ အတူ Viber ဖုန်းနံပါတ်-09 777436232 - 09 777436233 - 09 777436234 တွေကို ပေးပို့ တိုင်ကြားနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013