DVB Logo
Home
မြန်မာသတင်း
အင်းတော် ပြည်သူ့စစ်အခြေခံပညာသင်တန်းသို့ သင်တန်းသား ၈၀ ကျော် တက်ရောက်
DVB
·
September 4, 2017
အင်းတော် ပြည်သူ့စစ်အခြေခံပညာသင်တန်းသို့ သင်တန်းသား ၈၀ ကျော် တက်ရောက်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း ဒီကနေ့ မနက်ပိုင်းက  ပြည်သူ့စစ် အခြေခံပညာ သင်တန်းဖွင့်လှစ်ခဲ့ရာ သင်တန်းသား ၈၀ ကျော် တက်ရောက်ခဲ့တယ်လို့ အင်းတော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးက ပြောပါတယ်။

အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဆွေညွန့်က “ဒေသခံပြည်သူတွေအနေနဲ့ လိုအပ်တဲ့အချိန်မှာ စစ်ပညာကို ကျွမ်းကျင်စွာ တတ်မြောက်ထားပြီး တိုင်းပြည်ရဲ့ အရန်အင်အားအဖြစ် တပ်မတော်နဲ့လက်တွဲပြီး ကျရောက်လာတဲ့ရန်ကို တွန်းလှန်နိုင်ဖို့၊ တပ်မတော်ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရာမှာ အဆင်သင့်ဖြစ်စေဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ အခုလို ပြည်သူ့စစ်အခြေခံပညာသင်တန်း အမှတ်စဉ်(၁/၂၀၁၇) ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်တယ်” လို့ ပြောပါတယ်။

အဆိုပါ သင်တန်းကို အင်းတော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာတွေမှ စိတ်ပါဝင်စားသူသင်တန်းသား ၈၅ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ စက်တင်ဘာ ၄ ရက်မှ စတင်ကာ နှစ်ပတ်ခန့်ကြာမြင့်မယ်လို့ သိရပါတယ်။

သင်တန်းကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် ခမရ ၃၀၉ မှ ဗိုလ်မှူး နိုင်ဝင်း နဲ့အဖွဲ့က လက်နက်မဲ့၊ လက်နက်ဖြင့် သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013