DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီသတင်းထောက်များ၏အမှု အမိန့်ချမည့်ရက်ရွှေ့ဆိုင်း
DVB
·
September 4, 2017
ဒီဗွီဘီသတင်းထောက်များ၏အမှု အမိန့်ချမည့်ရက်ရွှေ့ဆိုင်း
Donate to DVB

မတရားအသင်း ဥပဒေ ပုဒ်မ ၁၇(၁)နဲ့ တရားစွဲခံထားရတဲ့ ဒီဗွီဘီနဲ့ ဧရာဝတီသတင်းထောက်တွေရဲ့အမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ သီပေါ တရားရုံးမှာ အမိန့်ချမှတ်ခြင်းမရှိသေးဘဲ နောက်လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်ပါတယ်။

သတင်းသမား ၃ ဦးအပေါ် တရားစွဲထားတဲ့ အမှုကို ကျေအေးရုပ်သိမ်းတဲ့အကြောင်း တပ်မတော်က ကြေညာထားပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ရုံးချိန်းမှာ တရားလို ဗိုလ်ကြီး သက်နိုင်ဦးက အမှုကို ပြန်လည်ရုပ်သိမ်းကြောင်း တရားရုံးမှာ လာရောက်တင်သွင်းခဲ့ပါတယ်။

အမှုရုပ်သိမ်းလွှာနဲ့ ပတ်သက်ပြီး တရားရုံးက ဒီကနေ့ ရုံးချိန်းမှာ အမိန့်ချမှတ်နိုင်ခြင်း မရှိသေးဘဲ ထပ်မံချိန်းဆိုလိုက်တာလို့  ရှေ့နေ ဒေါ်ခင်မိမိကပြောပါတယ်။

“အမှုအခြေအနေက ဒီနေ့က ကျေအေးတဲ့အမှု မဟုတ်ဘူးလေ။ ရုပ်သိမ်းတဲ့အမှု၊ ကျေအေးတဲ့အမှုဆိုလို့ရှိရင် တရားလိုနဲ့ တရားခံ ရောက်လာလို့ အခုချက်ချင်း တရားသူကြီးက ချက်ချင်းဆုံးဖြတ်လို့ရတယ်။ အခုဟာက ဗိုလ်ကြီးသက်နိုင်ဝင်းကတော့ လာတင်လိုက်ပြီ၊ ရုပ်သိမ်းရမယ့်အမှုဆိုရင် ဥပဒေအရာရှိ မှတ်ချက်လိုတယ်။ နောက်တခုက ရဲမှတ်ချက်လိုတယ်။  နောက်ပြီးတော့ သူတို့ရှေ့နေ လုပ်ထုံးလုပ်နည်း ဥပဒေတွေ ရှိပါတယ်။ အဲဒီဥပဒေနဲ့အညီ ဆက်လက်ပြီးတော့မှ သဘောထားမှတ်ချက်တွေ လိုနေပါတယ်။ လိုနေတဲ့အခါကျတော့ ဗိုလ်ကြီး သက်နိုင်ဝင်းက သောကြာနေ့က လာရုပ်သိမ်းတယ်။ စနေ၊ တနင်္ဂနွေက ရုံးလုပ်ငန်းတွေက ရပ်ဆိုင်းနေတဲ့အချိန်ဖြစ်တယ်။ ဒီနေ့က တနင်္လာဆိုတော့ အကုန်မပြတ်နိုင်ဘူးဖြစ်နေတယ်။ အချိန်နည်းတဲ့ အခက်အခဲ ရှိနေတယ်ပေါ့နော်။ ၁၅ ရက်နေ့ကို တရားသူကြီးက ပြန်ချိန်းလိုက်ပါတယ်။”

ဒီဗွီဘီအကြီးတန်းသတင်းထောက် ဦးအေးနိုင်၊ သတင်းထောက် ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းထောက် ဦးသိန်းဇော်နဲ့ တီးဝိုင်းမှာ ဒရမ်တီးတဲ့ ကိုထွန်းအေးတို့ကို ပြီးခဲ့သီတင်းပတ်က အာမခံနဲ့  ပြန်လွှတ်ပေးထားပါတယ်။

ဒီအမှုတွဲမှာ ပါဝင်တဲ့ ကားမောင်းသမား မိုင်းဆန်းညွန့်နဲ့ စိုင်းအောင်ခမ်းတို့ ၂ ဦးကိုလည်း ဒီကနေ့မှာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နဲ့ရော၊ ပို့ကုန်သွင်းကုန်အမှုနဲ့ပါ တယောက် သိန်း ၂၀ စီနဲ့ အာမခံရရှိသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013