DVB Logo
Home
မြန်မာသတင်း
မြိတ်ယာဉ်တိုက်မှု အလုံးစုံ အာမခံကြေးပေးအပ်
DVB
·
September 3, 2017
မြိတ်ယာဉ်တိုက်မှု အလုံးစုံ အာမခံကြေးပေးအပ်
Donate to DVB

မြိတ်မြို့တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တဲ့အပေါ် အလုံးစုံအာမခံကြေးပေးအပ်တဲ့ အခမ်းအနားကို မော်တော်ယာဉ် လိုင်းပေါင်းစုံထိန်းသိမ်းကြီးကြပ်ရေးရုံးမှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေ ၉ ရက်နေ့က မြိတ်မြို့အဝင်လမ်းကွေ့တနေရာမှာ မန်းရာဇာခရီးသည်တင် မှန်လုံကားကြီးနဲ့ နေလ ယာဉ်လိုင်း(အန်စာတုံးကား)မှ ခရီးသည်တင်ကား တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပျက်စီးဆုံးရှုံးသွားတဲ့ ကားအား GGI အာမခံကုမ္ပဏီမှ လျှော်ကြေးငွေပေးအပ်ခဲ့ကြောင်း သိရပါတယ်။

“မန်းရာဇာကားအသင်းဟာ GGI အာမခံကုမ္ပဏီမှာ အလုံးစုံ အာမခံထားခြင်းရှိပြီးတော့ နေလ ကားအသင်းက အာမခံထားခြင်းမရှိပါဘူး၊ တကယ်ဖြစ်စဉ်ကိုကြည့်မယ်ဆိုရင် မန်းရာဇာ ကားဟာ နေလ ကား(အန်စာတုံးကား)ကို ဝင်တိုက်မိတဲ့အတွက် ပျက်စီးဆုံးရှုံးသွားတဲ့ မော်တော်ယာဉ် အစိိတ်အပိုင်းနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို အခမ်းအနားနဲ့ လျှော်ကြေးငွေပေးအပ်တာ။ မြိတ်မြို့မှာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။” လို့ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သင်းမောင်က ပြောပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့စဉ် ပျက်စီးဆုံးရှုံးသွားတဲ့ မော်တော်ယာဉ် အစိတ်အပိုင်းအတွက် နေလ ကားအသင်းအား လျှော်ကြေးငွေ ၂၆၅ သိန်းနဲ့ ထိခိုက်ဒဏ်ရာရသူ ၇ ယောက်အတွက် စုစုပေါင်းလျှော်ကြေးငွေ ၁၄ သိန်း၊ ၂ သောင်း၊ ၄ ထောင်(၁,၄၂၄,၀၀၀)ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013