DVB Logo
Home
မြန်မာသတင်း
သံတွဲမြို့၌ အေးအေးချမ်းချမ်းရှိ၊ ကောလာဟလများမယုံကြရန် မြို့နယ်ရဲမှူးပြော
DVB
·
September 3, 2017
သံတွဲမြို့၌ အေးအေးချမ်းချမ်းရှိ၊ ကောလာဟလများမယုံကြရန် မြို့နယ်ရဲမှူးပြော
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ အေးအေးချမ်းချမ်းရှိနေပြီး ကောလာဟလတွေကို မယုံဖို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးအောင်က ဒီဗွီဘီကို ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပြီးနောက် ရခိုင် တောင်ပိုင်း မြို့တမြို့ဖြစ်တဲ့ သံတွဲကို ဘင်္ဂါလီတွေ ဝင်ရောက်လာတယ်ဆိုပြီး သတင်းဖြန့်တာတွေ ရှိခဲ့ပါတယ်။

သံတွဲမြို့ပေါ်မှာ ဘင်္ဂါလီတွေ ဖမ်းမိတယ်၊ သံတွဲမြို့နယ်ကမ်းခြေက ဂျိတ္တောရွာကို လှေတွေနဲ့ ဝင်လာတယ်ဆိုတဲ့ ကောလာဟလတွေကို သံတွဲမြို့ခံတချို့က ဖြန့်ဝေနေတာပါ။ ဒါတွေဟာ ကောလာဟလတွေသာဖြစ်ပြီး မယုံကြဖို့ ရဲမှူးဌေးအောင်က ပြောပါတယ်။

“အေးအေးချမ်းချမ်းပါပဲ။ ကျနော်တာဝန်ယူပါတယ်။ လုံခြုံရေးလည်း အသင့်ယူထားပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေရော၊ အုပ်ချုပ်ရေးပိုင်းတွေကရော ပူးပေါင်းဆောင်ရွက်နေ တဲ့အတွက် အားလုံး အေးချမ်းတည်ငြိမ်နေပါတယ်” လို့ ပြောပါတယ်။

သံတွဲမှာ ရဲတပ်ရင်း ၃၂ လည်း ရှိနေသလို နေ့စဉ် ကင်းလှည့်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က အရင်အတိုင်း တည်တည်ငြိမ်ငြိမ်ရှိနေပြီး အခုလို ကောလာဟလဖြန့်တာနဲ့ ပတ်သက်ပြီး ဘာမှလုပ်ဖို့တော့ မရှိဘူးလို့ ပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ ပြဿနာဖြစ်ပြီး နောက်ပိုင်း မဟုတ်မမှန်လုပ်ကြံသတင်းတွေ၊  ကောလာဟလ ဖြန့်တာတွေ အများအပြားရှိနေပြီး ပဋိပက္ခတွေ မဖြစ်အောင် ဒါတွေကို မလုပ်ဖို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013