DVB Logo
Home
မြန်မာသတင်း
ရခိုင်တိုင်းရင်းသားကျေးရွာများမှ အလှူငွေကောက်ခံ၍ ဒုက္ခသည်များအား လှူဒါန်းမည်
DVB
·
September 3, 2017
ရခိုင်တိုင်းရင်းသားကျေးရွာများမှ အလှူငွေကောက်ခံ၍ ဒုက္ခသည်များအား လှူဒါန်းမည်
Donate to DVB

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွထွက်ပြေးနေတဲ့ ဒုက္ခသည်တွေအတွက် ဧရာဝတီတိုင်းမှာရှိနေတဲ့ ရခိုင်တိုင်းရင်းသားကျေးရွာတွေကနေ လှူဒါန်းငွေတွေ ကောက်ခံသွားမယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်စောက ဦးဆောင် ကောက်ခံသွား မှာဖြစ်ပြီး စက်တင်ဘာ ၄ ရက်နေ့မှစတင်ကာ ငပုတောမြို့နယ်ထဲမှာရှိနေတဲ့ ရခိုင်တိုင်းရင်းသား ကျေးရွာတွေမှာ လိုက်လံကောက်ခံသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပုသိမ်မြို့ရွှေစည်းခုံ ဘုရားကြီးမှာလည်း အလှူခံဌာန ဖွင့်လှစ်ကာ ကောက်ခံသွားမယ်လို့ ဧရာဝတီတိုင်းရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦတင်စောထံက သိရပါတယ်။

အလှူငွေကောက်ခံမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ပုသိမ်မြို့၊ ပစ္ဆိမာရုံဘုန်းကြီးကျောင်းမှာ ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ ရခိုင်တိုင်းရင်းသား အဖွဲ့အစည်းစုံနဲ့ ရခိုင်တိုင်းရင်းသားကျေးရွာတွေက ဘုန်းတော်ကြီးကျောင်းတွေရဲ့ ကျောင်းထိုင်ဆရာတော် အပါး ၆၀ လောက် ဒီနေ့ ဆွေးနွေးတိုင်ပင်ခဲ့ပြီး အမြန်ဆုံးကောက်ခံပြီး စက်တင်ဘာလလယ်လောက်မှာ ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လှူဒါန်းဖို့ အကြိုဆုံးဖြတ်ခဲ့ကြပါတယ်။

လတ်တလောမှာတော့ ဧရာဝတီတိုင်းအတွင်းရှိ မြို့တွေမှာ အလှူခံဌာနတွေဖွင့်လှစ်ကာ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် အလှူခံနေပြီး အားလုံးတစုတစည်းတည်း သွားရောက်လှူဒါန်းသွားမယ်လို့ ပုသိမ်မြို့ ရွှေစည်းခုံဘုရားကြီးအလှူခံဌာန တာဝန်ရှိသူ ဦးတင်ထွန်းက ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာတော့ ရခိုင်တိုင်းရင်းသား ၃ သိန်းလောက်နေထိုင်နေပြီး ပုသိမ်မြို့နယ်ရှိ ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံ စတဲ့မြို့တွေရဲ့ အနီးရှိကျေးရွာတွေနဲ့ ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ အများဆုံးနေထိုင်ကြတယ်လို့ တိုင်းအစိုးရ စာရင်းတွေအရ သိရပါတယ်။

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013