DVB Logo
Home
မြန်မာသတင်း
ဆွစ်ဇာလန်နိုင်ငံ၌ 3D ပရင့်နည်းဖြင့် အိမ်တလုံး စတင်တည်ဆောက် (ရုပ်သံ)
DVB
·
September 3, 2017
ဆွစ်ဇာလန်နိုင်ငံ၌ 3D ပရင့်နည်းဖြင့် အိမ်တလုံး စတင်တည်ဆောက် (ရုပ်သံ)
Donate to DVB

ဒီဂျစ်တယ် နည်းပညာ အသုံးပြုပြီး ဒီဇိုင်းပြုပုံစံထုတ်ထားတဲ့ ၃ ထပ်အိမ်တစ်လုံးကို စက်ရုပ်စနစ်နဲ့ 3D ပရင့်နည်းပညာတွေ အများဆုံးအသုံးပြုပြီး ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့အနီးမှာ တည်ဆောက်နေပါတယ်။

ဒီဂျစ်တယ်နည်းနဲ့ ပုံစံထုတ်ထားတဲ့ အိမ်တစ်လုံးကို စက်ရုပ်စနစ်နဲ့ 3D ပရင့် နည်းတွေအသုံးပြုပြီး ဆွစ်ဇာလန်မှာ စတင်တည်ဆောက်နေပြီး ဒါက ပထမဆုံးဆန်းသစ်မှုဖြစ်တယ်လို့ တီထွင်သူတွေက ဆိုပါတယ်။

လုပ်ငန်းခွင်မှာတော့ အချပ်လိုက် ပုံလောင်းနိုင်ပြီး၂ မီတာမြင့်တဲ့ တည်ဆောက်ရေး စက်ရုံပ်တစ်ခုက သံကူကွန်ကရိ တိုက်ရိုက်သွန်းလောင်းနေပါတယ်။

အရင်က အဆောက်အဦးတည်ဆောက်တဲ့အခါ formwork လို့ခေါ်တဲ့ ပုံစံခွက်သဏ္ဍာန် တည်ဆောက်မှု အရင်ပြုလုပ်ပြီး နောက်မှ အပေါ်က ကွန်ကရိတွေ လောင်းထည့်ရပါတယ်။ ပြောရရင် ဒါက တည်ဆောက်မှု ၂ ကြိမ် လုပ်ရတဲ့သဘောပါ။ ဒီပရောဂျက်မှာတော့ အနာဂတ် ကွန်ကရိ အဆောက်အဦးတွေ တည်ဆောက်ရာမှာ အကျိုးရှိတဲ့ နည်းလမ်းတခု အဖြစ် မရှိမဖြစ်လိုအပ်လာမယ့် အချပ်လိုက် ပုံလောင်းစက်ရုပ်ကို အသုံးပြုထားပါတယ်။ ပုံလောင်းထည် တည်ဆောက်မှုလုပ်ငန်း မလိုအပ်တော့ပဲ သံကူကွန်ကရိ တိုက်ရိုက်သွန်းလောင်းနိုင်မယ့် သတ္ထုချပ်မိုတွေကို စက်ရုပ်တွေက တည်ဆောက်ပေးနိုင်ပါတယ်။

အချပ်လိုက် ပုံလောင်းစက်ရုပ်က မျက်နှာကျက်အမိုးတခုကို ထုထည်ကြီးမားတဲ့ 3D ပရင့်တာတခု အသုံးပြုပြီး တည်ဆောက်နိုင်ပါတယ်။ အပေါ်ကြမ်းခင်း ၂ခုကို သစ်သား အသုံးပြုတဲ့ ပုံကြမ်းထည် တည်ဆောက်ဖို့ မလိုပဲ အဖွဲ့ရဲ့ နည်းပညာအသစ်နဲ့ စက်ရုပ်တွေအသုံးပြုပြီး တိုက်ရိုက်ပုံစံချ သွန်းလောင်းနိုင်မှာ ဖြစ်ပါတယ်။  Sequential Roof လို့ခေါ်တဲ့ ဒီလိုအမိုးတွေကို သစ်သား ဇလီတန်း ၄သောင်း ၉ထောင်နီးပါးအစား စက်ရုပ်တွေပုံစံပြု တည်ဆောက်ခဲ့ပါတယ်။ ဇူးရစ်ရဲ့ အပြင်ဖက်မှာ တည်ဆောက်နေတဲ့ DFAB House က တမူကွဲပြားပြီး လက်တွေ့ဘဝနဲ့ နီးစပ်တဲ့ တည်ဆောက်ရေးနဲ့ စွမ်းအင်ဆိုင်ရာ နည်းပညာတစ်ခုကို စမ်းသပ်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီဂျစ်တယ်ဒီဇိုင်းနဲ့ စီမံမှုအသုံးပြုပြီး ပိုမို ထိရောက် အကျိုးရှိတဲ့ တည်ဆောက်ရေးတွေ ပြုလုပ်နိုင်ဖို့ ဖြစ်ပါတယ်။

ဒါက မတူညီတဲ့ ဒီဂျစ်တယ် တည်ဆောက်ရေး နည်းပညာတွေဖြစ်တဲ့ ကြိုတင် ပုံစံချ တည်ဆောင်ခြင်းနဲ့ တိုက်ရိုက် စက်ရုပ်များအသုံးပြု တည်ဆောက်ခြင်းတို့ကို  အတူတကွ ဘယ်လိုစုပေါင်း အသုံးပြုမလဲဆိုတဲ့နည်းလမ်းအတွက် ကမ္ဘာ့ ပထမဆုံး သရုပ်ပြမှုဖြစ်ပါတယ်။

DFAB House ကို ၂၀၁၈ခုနှစ် အစောပိုင်းမှာ အပြီးသတ်ဖိုပ ရည်ရွယ်ထားပြီး ကြမ်းခင်းအကျယ် ၂၀၀ စတုရန်းမီတာရှိတဲ့ အဲဒီ ၃ ထပ် အဆောက်အဦးဟာ သုတေသီတွေအတွက် ဆောက်လုပ်ရေးဆိုင်ရာ နည်းပညာအသစ်အတွက် စမ်းသပ်ရာ မှတ်ကျောက်တစ်ခု ဖြစ်လာပါလိမ့်မယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013