Home
မြန်မာသတင်း
တိုက်ကြီးမြို့နယ်၌ ဧရာဝတီမြစ်ကမ်းပါးများ ပြိုကျ၊ လူဦးရေ ၅၀ ကျော်ပြောင်းရွှေ့
DVB
·
September 3, 2017
21232090_454776154922099_1870554063634031043_n
21231713_454776121588769_2107800759686319913_n
21231676_454776004922114_4336123174853544655_n
21231573_454776064922108_8949709628950872787_n
21192995_454776194922095_588753761481858063_n
  တိုက်ကြီးမြို့နယ် အဖျောက်မြို့ အုန်းပင်ကွင်းကျေးရွာအုပ်စု အေးရွာကျေးရွာမှာ သြဂုတ် ၂၅ ရက်နေ့ကစပြီး ဧရာဝတီမြစ်ရေတက်လာပြီး ကျေးရွာထဲကို ရေဝင်ရောက်ခဲ့ပြီး အခုချိန်မှာ ရေပြန်ကျသွားပြီး မြစ်ကမ်းပါးပြိုကျတဲ့အတွက် အိမ်ထောင်စု ၉ စု၊ လူဦးရေ ၅၀ ကျော် အရေးပေါ် ပြောင်းရွှေ့ခဲ့ရတယ်လို့ အုပ်ချုပ်ရေးမှူး ဦးဟိန်းဇော်လတ်က ပြောပါတယ်။ “၂၀၁၇ ခုနှစ် ဇူလှိုင် ၂၀ ရက်နေ့မှာ ပထမအကြိမ် ဧရာဝတီမြစ်ရေ မြင့်လာပြီး ရွာထဲ ရေဝင်ခဲ့ပါတယ်။ ရေပြန်ကျသွားရော မြစ်ကမ်းပါးတွေ ဆက်တိုက်ပြိုကျပြီး အိမ်တွေ အရေးပေါ် ပြောင်းရွှေ့ခဲ့ရတာ အိမ်ထောင်စု ၄၀ ပြောင်းရွှေ့ရပြီး၊ အခုတခါ အိမ်ထောင်စု ၉ စု ထပ်ပြောင်း ရတယ်။ သူတို့နေစရာ အခက်အခဲရှိလို့ မိသားစုခြံတွေထဲနဲ့ လမ်းဘေးမှာဖြစ်သလိုနေရတယ်။ အခုတခါ ရေပြန်တက်လာပြီး ရေတောင်ကောင်းကောင်း မကျသေးဘူး။ ကမ်းပါးတွေပြိုတယ်။ အခုဆိုရွာက တ၀က်ကုန်သွားပြီး ခုလည်း ဆက်ပြိုနေတုန်းပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းက တာဝန်ရှိသူ တွေက ယာယီမြစ်ကမ်း ထိန်းသိမ်းရေအနေနဲ့ ဝါးနဲ့ကာပြီး ရေကာ ပိုက်တွေချထားပါတယ်။ ဒါပေမယ့် အခုကမ်းက ပြိုနေတုန်းပဲ။ ကျနော်တို့ အုပ်ချုပ်ရေးပိုင်းကတော့ စောင့်ကြည့်ပြီး ပြောင်းရွှေ့ဖို့ကို ဆောင်ရွက်နေပါတယ်”လို့ ပြောပါတယ်။ အေးရွာကျေးရွာဒေသခံတဦးက “ကျနော်တို့ အရင်တခါပြောင်းရတယ်။ အခုထပ်ပြောင်း ရတယ်၊ နေစရာလည်း မရှိဘူး။ ရွာကတ၀က်ကုန်နေပြီ။ အခုလိုဆက်ပြီး ကမ်းတွေပြိုနေရင် ရွာပျောက်သွားပါမယ်။ လောလောဆယ် အဖျောက်က လူမှုကယ်ဆယ်ရေးအဖွဲ့တွေက လှူဒါန်း တာတို့၊ ပြောင်းရွှေ့ရတဲ့ အိမ်တွေကို ဝိုင်းဝန်းပြောင်းရွှေ့ပေးတာတို့ ရှိပါတယ်။ ကမ်းက ခုချိန်ထိ ဆက်ပြိုနေတုန်းပါ”လို့ ပြောပါတယ်။ ၂၀၁၅ ခုနှစ်ကစပြီး အဖျောက်မြို့ ပန်းတုန်းပိတ်ကျေးရွာနဲ့ အေးရွာကျေးရွာမှာ ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးဆက်တိုက်ပြိုကျလျှက်ရှိရာ ပန်းတုန်းပိတ်ကျေးရွာဟာ ရေအရင်းအမြစ်ဦးစီးဌာနက ၂၀၁၇ ခုနှစ် မေလထဲမှာ မြစ်ကမ်းထိန်းသိမ်းရေးကို လုပ်ဆောင်ခဲ့ပြီး အေးရွာကျေးရွာဟာ မြစ်ကမ်းထိန်းရေးမှာ မပါဝင်ခဲ့ပါဘူး။ အရင်အိမ်ထောင်စု ၁၅၀ ကျော်နေထိုင်ခဲ့တဲ့ ရွာဟာ အခုအခါ အိမ်ထောင်စု ၈၀ ကျော်ပြောင်းရွှေ့ခဲ့ရပြီး ရွာတ၀က်လောက် မြစ်ထဲပါသွားခဲ့ပါတယ်။ အခုအခါ ယာယီမြစ်ကမ်းထိန်းသိမ်းတဲ့အနေနဲ့ ဝါးတွေ၊ ရေကာပိုက်တွေ ချထားပေမယ့်လည်း မြစ်ကမ်းပါးကတော့ ခုချိန်ထိဆက်လက်ပြိုကျနေပါတယ်။ သတင်း - မေသွယ်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024