DVB Logo
Home
မြန်မာသတင်း
စွန့်ပစ်အမှိုက်များကြောင့် ဒေသခံများ မီးဘေးအန္တရာယ်စိုးရိမ်နေရ
DVB
·
September 3, 2017
စွန့်ပစ်အမှိုက်များကြောင့် ဒေသခံများ မီးဘေးအန္တရာယ်စိုးရိမ်နေရ
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာကျေးရွာအုပ်စု ကျောင်းရွာကျေးရွာရဲ့ အရှေ့ဘက်ခြမ်း သမိုင်းဝင်ဆေးတောင်ဘုရားနဲ့ ကျောင်းရွာလိပ်ပုတ်လမ်းဘေးရှိ စွန့်ပစ်အမှိုက်တွေကြောင့် မီးဘေးအန္တရာယ်နဲ့ ယာဉ်သွားလာဖို့ အခက်ခဲတွေရှိနေလို့ ဖယ်ရှားပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

ကျေးရွာနေပြည်သူတဦးက “ကျောင်းရွာကျေးရွာရှိယခင်က ချောင်းဘေးမှာ အဆင်ပြေသလို စွန့်ပစ်ရပေမယ့် လူနေအိမ် ထူထပ်လာတာကြောင့် စွန့်ပစ်အမှိုက်တွေက နေရာတွေ ကျဉ်းမြောင်းလာတဲ့အခါ ရွာရဲ့အရှေ့ဘက်ခြမ်း ကားလမ်းဘေးမှာသာ စွန့်ပစ်ရတာဖြစ်တယ်”လို့ ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က “စွန်ပစ်အမှိုက်တွေကြောင့် ကျန်းမာရေးထိခိုက်မှုနဲ့ မီးဘေးအန္တရာယ်အပြင် ကားတွေပါ သွားလာဖို့ အခက်ခဲတွေရှိလာတဲ့အပေါ်မှာ စွန့်ပစ်အမှိုက်တွေ စနစ်တကျစွန့်ပစ်နိုင်ဖို့လည်း ကျေးရွာ တာဝန်ရှိသူအနေနဲ့ နေရာစီစဉ်ဖို့ ကြိုးစားသွားမယ်”လို့ ပြောပါတယ်။

အဆိုပါ စွန့်ပစ်အမှိုက်တွေကြာင့် ကျေးရွာနေပြည်သူတွေမှာ ၂၀၁၄၊ ၂၀၁၅ ခုနှစ်နောက်ပိုင်း မီးဘေးထိတ်လန့်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနေရာဟာ ကျေးရွာ ၁၀ ရွာ ဖြတ်သန်းသွားလာတဲ့ လမ်းလည်းဖြစ်ပြီး လူဦးရေ ၁ သောင်းကျော်နေထိုင်ကာ အိမ်ခြေ ၉၀၀ နီးပါးလောက်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်း အဓိကလုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

သတင်း - နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013