DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်သမားများက ကျေးရွာများအား မီးရှို့၊ နေအိမ် ၁၈၀ ကျော် ပျက်စီးဆုံးရှုံး
DVB
·
September 3, 2017
အကြမ်းဖက်သမားများက ကျေးရွာများအား မီးရှို့၊ နေအိမ် ၁၈၀ ကျော် ပျက်စီးဆုံးရှုံး
Donate to DVB

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေမှာ နေရပ်စွန့်ခွာ ထွက်ပြေးသွားတဲ့ ဒေသခံတိုင်းရင်း သားတွေရဲ့ ကျေးရွာတွေကို ARSA အကြမ်းဖက်သမားတွေက မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

နေရပ်စွန့်သွားတဲ့ ဒေသခံတွေရဲ့ ကျေးရွာတွေမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတဲ့အတွက် နံ့သာတောင်ကျေးရွာ၊ ကသည်းကျေးရွာ၊ ခုံတိုင်ကျေးရွာ၊ အထက်ပြူးမကျေးရွာ၊ လင်္ဘောဝကျေးရွာ၊ ဒေ၀ါနာလီရွာတွေက နေအိမ် ၁၈၀ကျော်၊ ဈေးဆိုင် ၁၃ ဆိုင်၊ ဘုန်ကြီးကျောင်း ၂ ကျောင်း၊ ဓမ္မာရုံတရုံ စတာတွေ မီးလောင် ပျက်စီးခဲ့တယ်လို့ ဆိုထားပါတယ်။

လုံခြုံရေး တပ်ဖွဲ့ဝင်တွေကတော့ နယ်မြေရှင်းလင်းရေးတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013