DVB Logo
Home
မြန်မာသတင်း
မင်းကုန်းကျေးရွာ ရထားသံလမ်းပေါ်တွင် အမျိုးသားတဦး ရထားကြိတ်ခံရ
DVB
·
September 3, 2017
မင်းကုန်းကျေးရွာ ရထားသံလမ်းပေါ်တွင် အမျိုးသားတဦး ရထားကြိတ်ခံရ
Donate to DVB

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာနဲ့ မင်းကုန်းဘူတာကြား သံလမ်းပေါ်မှာ စက်တင်ဘာ ၂ ရက် မနက်ပိုင်းက အမျိုးသားတဦး ရထားကြိတ်ခံရပြီး သေဆုံးနေတယ်လို့ ပင်းဘောနယ်မြေရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ ပင်းဘောရဲစခန်းမြောက်ဘက် ၅ မိုင်လောက်က မင်းကုန်းဘူတာကြား မိုင်တိုင်အမှတ် ၆၆၄/၆-၇ ရှိ သံလမ်းပေါ်မှာ အမျိုးသားတဦး သေဆုံးနေကြောင်း အမှတ်(၃၇) အဆန်ရထား စက်ခေါင်းမောင်း(၂) ဦးမောင်မောင်နိုင်က အကြောင်းကြားလို့ သက်သေတွေနဲ့ အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

မိုးကောင်းမြို့နယ် အမှတ် ၂ ရပ်ကွက် အင်ကြင်းကုန်းကျေးရွာနေ တင်ယု (၄၅) နှစ်ဟာ  ခန္ဓာကိုယ်အပေါ်ပိုင်း ပက်လက် အနေအထားနဲ့ ရထားသံလမ်းကြားမှာ ရောက်နေပြီး ခန္ဓာကိုယ်အောက်ပိုင်းမှာ ဝဲဘက်ခြံစပ်မှာ ရောက်နေကာ ၂ ပိုင်းပြတ်ပြီး သေဆုံးနေတာ တွေ့ရလို့ ဦးစိုးနိုင်က တရားလိုပြုလုပ် တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးမှုကို သေမှုသေခင်းအမှတ်စဉ်၂/၂၀၁၇ အရ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် သိရှိဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013