DVB Logo
Home
မြန်မာသတင်း
တရားမဝင် ကျွန်းသစ်များတင်လာသည့် ယာဉ်စီးတိမ်းမှောက်၊ ၁ ဦးသေ
DVB
·
September 2, 2017
တရားမဝင် ကျွန်းသစ်များတင်လာသည့် ယာဉ်စီးတိမ်းမှောက်၊ ၁ ဦးသေ
Donate to DVB

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၇/၇ နဲ့ ၃၈/၀ အကြားမျာ ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က  တရားမဝင်ကျွန်းသစ်တွေ တင်ဆောင်လာတဲ့ ကားတစီးတိမ်မှောက်ပြီး အမျိုးသားတဦး သေဆုံးပြီး တဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲမှုးရုံးက ပြောပါတယ်။

နေပြည်တော်ကနေ ရန်ကုန်ကို ယာဉ်မောင်း တင်ကြီး (ခ) တင်နိုင်ဦးမောင်းနှင်ပြီး အခြားအမျိုးသားတဦးလိုက်ပါလာတဲ့ ယာဉ်ဟာအမြန်လမ်းမကြီးမိုင်တိုင်အမှတ်၃၇/ ၇ နှင့်၃၈/၀ ကြားမှာ အရှိန်မထိန်းနိုင်ဖြစ်ပြီး တိမ်းမှောက်ခဲ့တာလို့ ယာဉ်မောင်းဖြစ်သူမှာ နေရာမှာပဲ သေဆုံးပြီး အခြားအမျိုးသားတဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့လို့ ဆေးရုံပို့ဆောင် ကုသနေရပြီး အသက်အန္တရယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ယာဉ်ပေါ်မှာ တရားမဝင်ကျွန်းသစ်ခွဲသားဆိုဒ်စုံ  ၃၅ ချောင်းကို စစ်ဆေးတွေ့ရှိခဲ့လို့ ပဲခူးမြို့နယ်သစ်တောဦးစီးဌာနကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဘောနတ်ကြီး အမြန်လမ်းမကြီးရဲ တပ်ဖွဲ့စခန်းက ယာဉ်အား အသက်သေဆုံးသည်အထိ မဆင်မခြင်မောင်းနှင်သူ တင်ကြီး (ခ) တင်နိုင်ဦးကို ရာဇသတ်ကြီးပုဒ် ၃၀၄-က/၃၃၈ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ တရားမဝင်သစ်ကားတွေ ဖြတ်သန်းသွားလာမှုများရှိနေပြီး ယာဉ်မတော်ဆမှု ဖြစ်ပွားမှာသာ ဖမ်းစီးရမိမှုရှိတဲ့အပေါ် ပြည်သူတွေရဲ့ ဝေဖန်မှုများလည်း ရှိနေပြီး တိုးဂိတ်တွေမှာလည်း သစ်တောဌာနက စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ပြီး တရားမဝင်သစ်ကားများ သွားလားမှုကို စစ်ဆေးဆောင်ရွက်မှုတွေ ရှိနေတယ်လို့ သစ်တောဌာနက သိရပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း )

ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013