DVB Logo
Home
မြန်မာသတင်း
ကားကွင်းေ​​ဟာင်း​မြေ​တွင်​ နေထိုင်​သူ​များ ​ရက်​​ ၃၀ အတွင်း ဖယ်​ပေးရမည်
DVB
·
September 2, 2017
ကားကွင်းေ​​ဟာင်း​မြေ​တွင်​ နေထိုင်​သူ​များ ​ရက်​​ ၃၀ အတွင်း ဖယ်​ပေးရမည်
Donate to DVB

ဘားအံမြို့ အဝေးပြေးကားကြီးကွင်းဟောင်းမြေနေရာက ဆိုင်ခန်းပိုင်ရှင်တွေကို ရက်ပေါင်း ၃၀ ဖယ်ရှားပေးဖို့နဲ့ မဖယ်ရှားပါက ဥပဒအရ အရေးယူသွားမယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁ ရက် မနက် ၁၀ နာရီက ကရင်ပြည်နယ် ဘားအံမြို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမမှာ ခရိုင်အုပ်ချုပ်ရေးမှူး၊ ရှင်းလင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးဆန်းမော်က မူလဆိုင်ခန်းပိုင်ရှင်တွေကို ပြောကြားခဲ့တယ်လို့ မိုးသောက်ပန်း အအေးဆိုင်ပိုင်ရှင် ဦးဆွေဝင်းက ပြောပါတယ်။

ဖယ်ရှားရှင်းလင်းရေးကော်မတီမှ ရက် ၃၀ အတွင်း ဖယ်ရှားပေးရမယ်လို့ ပြောကြားခဲ့တဲ့အပေါ် ပြန်လည်တင်ပြပြောဆိုခွင့် မရရှိခဲ့ဘူးလို့ ဦးဆွေဝင်းက ဆိုပါတယ်။

“တွေ့ဆုံဆွေးနွေးတာက တဖက်စောင်းနင်း တဖက်ပိတ်ပြီးတော့ပဲ ဆွေးနွေးသွားတယ်လို့ မြင်ပါတယ်၊ သူတို့ပြောမယ့်ဟာတွေကျတော့ ဒါ ဒါလုပ်မယ်ဆိုပြီးတော့ ပြောတယ်၊ ကျနော်တို့ပြန်ပြောမယ့် ဥစ္စာတွေကိုကျတော့ ဒီအပေါ်မှာ ဆုံးဖြတ်ချက်မပေးနိုင်ပါဘူး၊ မဆိုင်ပါဘူးလို့ ပြောတဲ့ဟာကျတော့ တဖက်သတ်လို့ပဲ မြင်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိ အဝးပြေးကားကြီးကွင်းဟောင်းမြေနေရာကို ဖယ်ရှားရှင်းလင်းသွားဖို့အတွက် မူလဆိုင်ခန်းပိုင်ရှင်တွေကို သြဂုတ် ၁၃ ရက်နေ့က ပထမအကြိမ် တွေ့ဆုံခဲ့ရာ ဝါကျွတ်မှာ ဖယ်ရှားပေးဖို့ ဆွေးနွေးခဲ့ပြီး ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးဖို့ မြန်မာနိုင်ငံတော် အောက်ပိုင်းမြို့ရွာ မြေရာအက်ဥပဒေ ပုဒ်မ ၂၁ အရ ဆင့်ဆိုအကြောင်းကြားပြီး ရက်ပေါင်း ၃၀ အတွင်း ဖယ်ရှားဖို့ နေအိမ် ဆိုင်ခန်း အဆောက်အဦတွေမှာ နို့တစ်စာကပ် အသိပေးထားတယ်လို့ သိရပါတယ်။

အဆိုပါ အဝေးပြေးကားကြီးကွင်းဟောင်းမြေနေရာ ဖယ်ရှားရှင်းလင်းရခြင်းမှာ နှစ် ၉၀ ဂရံဖြစ် လုပ်ပိုင်ခွင့်ရရှိထားတဲ့ ဘားအံမြို့ မြို့မဘောလုံးကွင်းနေရာကို မြို့ခံပြည်သူများ ပြန်လည်တောင်းဆိုမှုကြောင့် ပြန်လည်ပေးအပ်ခဲ့တဲ့အတွက် လုပ်ငန်းရှင်ရဲ့ နစ်နာဆုံးရှုံးမှုအပေါ် မြေနေရာ အစားထိုးပေးအပ်ဖို့ လက်ရှိ ကားကြီးကွင်းနေရာကို စီစဉ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တွေ့ဆုံးဆွေးနွေးပွဲကို သတင်းရယူခွင့်မပေးဘဲ ဖယ်ရှားရှင်းလင်းရေးကော်မတီ ဥက္ကဋ္ဌကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မေးမြန်းခွင့်မရခဲ့ပါဘူး။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013