DVB Logo
Home
မြန်မာသတင်း
ပေါင်​မြို့နယ်​တွင် လူတဦး ရထားတိုက်ခံရ၍ သေဆုံး
DVB
·
September 2, 2017
ပေါင်​မြို့နယ်​တွင် လူတဦး ရထားတိုက်ခံရ၍ သေဆုံး
Donate to DVB

မွန်ပြည်နယ် ပေါင်မြို့နယ် ဖြူဘကျေးရွာတွင် စက်တင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက လူတဦးရထားတိုက်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ် ရဲစခန်းက ပြောပါတယ်။

လူတဦးရထားတိုက်ခံရပြီး သေဆုံးနေကြောင်း သတင်းအရ ပေါင်မြို့မရဲစခန်းမှ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာမျာ ဖြူဘကျေးရွာ၊ ဖြူဘ-သဲကုန်းသွားကားလမ်းအနီး ရထားလမ်းမိုင်တိုင်အမှတ်၊ ၁၅၀/ ၇ အနီးမှာ လူတစ်ဦး ဒဏ်ရာတွေနဲ့ သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ပေါင်မြို့မရဲစခန်းက ပြောပါတယ်။

"သူက အရက်ကို တော်တော်သောက်ပြီး မူးနေတတ်တဲ့သူ၊ အရက်မူးလာရင်လည်း ရထားလမ်းမှ သွားအိပ်တတ်တဲ့သူ။ ရွာသားတယောက်က မနက်ပိုင်း စက်လှေမောင်းဖို့ ရထားလမ်းပေါ်ကအသွားတွေ့လို့ အုပ်ချုပ်ရေးမှူးကတဆင့် အကြောင်းကြားလို့ ရဲလုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်နေပါတယ်” လို့ ပေါင်မြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

သေဆုံးသူမှာ သန်းဝင်းစိုး(ခ)သားကြီး (၂၅)နှစ် ဖြူဘကျေးရွာနေသူဖြစ်ပြီး ဖြစ်စဉ်နှင့်ပတ်သက်လို့ ပေါင်မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၄၄ ၂၀၁၇ နဲ့ အမှုဖွင့်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း=ယူမင်းစိုး

ဓာတ်ပုံ-ရဲစခန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013