DVB Logo
Home
မြန်မာသတင်း
လုပ်ငန်းအတွေ့ကြုံမရှိသည့် အလုပ်သမားများအတွက် စက်ချုပ်သင်တန်း စတင်
DVB
·
September 2, 2017
လုပ်ငန်းအတွေ့ကြုံမရှိသည့် အလုပ်သမားများအတွက် စက်ချုပ်သင်တန်း စတင်
Donate to DVB

မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနဲ့ ယူကေ နိုင်ငံတကာဖွံ့ဖြိုးမှုဌာန DFID က ထောက်ပံ့ပေးတဲ့ ပျိုးပင်အစီအစဉ်တို့ဟာ လုပ်ငန်းအတွေ့အကြုံမရှိတဲ့ အလုပ်သမားတွေအတွက် စက်ချုပ်သင်တန်းတခုကို စတင်လိုက်ပါတယ်။

ရက် ၆၀ ကြာ အခမဲ့သင်တန်းပေးရတာဟာ ပြည်တွင်း အထည်ချုပ်စက်ရုံတွေမှာ အလုပ်လုပ်တဲ့အခါ အလုပ်စွမ်းရည် ပြည့်ဝကျွမ်းကျင်အောင် စီစဉ်ဖြည့်ဆည်းပေးတာ ဖြစ်ပါတယ်။

ဗြိတိသျှကောင်စီမှ အကောင်အထည်ဖော်နေတဲ့ ဒီအစီအစဉ်မှာ အထည်ချုပ်လုပ်ငန်းနဲ့ ဆက်နွှယ်နေတဲ့ တခြားသင်ခန်းစာအမျိုးအစားတွေလည်း ရှိပါတယ်။

သင်တန်းတက်ချင်သူတွေကို သူတို့ရဲ့လုပ်နိုင်စွမ်းနဲ့ ကိုက်ညီသင့်တော်မယ့် သင်တန်းမျိုးကို တက်ရောက်ဖို့ အကြံပြုပေးတယ်လို့လည်း သိရပါတယ်။

ဒီစီမံကိန်းရဲ့ ၂ လကြာ သင်တန်းတွေမှာ အလုပ်သမား ၁၂၀ လောက်ကို လေ့ကျင့်သင်ကြားပေးဖို့ရှိတယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်က ကြေညာထားပါတယ်။ သင်တန်းပြီးဆုံးသွားရင် သင်တန်းသားတွေဟာ လုပ်ငန်းအတွေ့အကြုံရရှိစေဖို့ စက်ရုံတခုခုမှာ ၄ လကြာ အခကြေးငွေနဲ့ အလုပ်လုပ်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် သင်တန်းသားတွေဟာ အမျိုးသား ကျွမ်းကျင်မှုစံနှုန်း အာဏာပိုင်အဖွဲ့ရဲ့ လုပ်ငန်းစွမ်းရည် ကျွမ်းကျင်မှုဆိုင်ရာ စစ်ဆေးမှုကို ဖြေဆိုရမှာဖြစ်ပြီး အောင်မြင်ရင် တခြားအာရှနိုင်ငံတွေကပါ အသိအမှတ်ပြုတဲ့ ကျွမ်းကျင်လုပ်သားလက်မှတ်ကို ရရှိမှာပါ။

အစိုးရဟာ အထည်ချုပ်၊ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်း ကဏ္ဍပေါင်းစုံမှာ ကျွမ်းကျင်လုပ်သားတွေ များပြားစေဖို့ စီမံလုပ်ဆောင်နေပြီး အခုလို လေ့ကျင့်ရေးအစီအစဉ်တွေ များများလိုအပ်တယ်လို့ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က မီဒီယာသမားတွေကို ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013