DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် တရားမဝင် အေးခဲအမဲသား နှင့် အမဲသားခြောက်များ ဖမ်းမိ
DVB
·
September 2, 2017
မိတ္ထီလာတွင် တရားမဝင် အေးခဲအမဲသား နှင့် အမဲသားခြောက်များ ဖမ်းမိ
Donate to DVB

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ရတနာသင်္ကျစ်ရပ်နား ကားဝင်းအတွင်း သြဂုတ် ၃၁ ရက် ညနေ ၅ နာရီခွဲလောက်က ရန်ကုန်-မူဆယ်ပြေးဆွဲတဲ့ အိပ်ပရက်ကားနဲ့ တရားမဝင် သယ်ဆောင်လာတဲ့ အေးခဲအမဲသား ၃၁ အိတ်နဲ့ အမဲသားခြောက်အိတ် ၄၀ ကို ဖမ်းမိခဲ့ပါတယ်။

ခရိုင်ဒုစရိုက်နှိမ်နင်းရေး ရဲအုပ်တင်ထွန်းအောင်က “သတင်းရလို့ ပူးပေါင်းအဖွဲ့နဲ့ ဖွဲ့စည်း ဖမ်းတယ်၊ ပူးပေါင်းအဖွဲ့မှာ ဒုမြို့နယ်အုပ်ချုပ်ရေမှူး ဦးမောင်မောင်၊ ဒုမြို့နယ်ရဲတပ်ဖွဲ့ မှူးဒုရဲမှူးဇော်မိုးအောင် စည်ပင်ဒုဦးစီးမှူး ဦးကိုကိုကျော် အမှတ်-၂ ရဲစခန်းမှတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်အောင်တို့ပါတဲ့ အဖွဲ့ဖွဲ့ ဖမ်းဆီးတာပါ၊ အမဲခြောက်တအိတ်ကို ၂၄ ဒသမ ၇၅ ပိဿာနဲ့ အိတ်ပေါင်း ၄၀ ပိဿာ ချိန် ၉၉၀ ဒသမ၂၅ ပိဿာ အေးခဲအမဲသား တအိတ်ကို ၁၆ ပိဿာပါ အိတ်ပေါင်း ၃၁ အိတ် ပိသာချိန်ပေါင်း ၄၉၆ ပိဿာ ဖမ်းမိတယ်” လို့ ပြောပါတယ်။

စည်ပင်ဒုဦးစီးမှူး ဦးကိုကိုကျော်က “တရားစွဲဖို့လုပ်နေဆဲပါ၊ ဥပဒေအကြံပေး တောင်းထားပါတယ်၊ တရားရုံး ဦးတိုက်လျှောက်ရမှာပါ၊ နေပြည်တော်နေတဲ့ ယာဉ်မောင်း ဦးမောင်ထွေး နဲ့ မအူပင်မြို့က ယာဉ်နောက်ဦးရဲနောင်တို့ကို စည်ပင်သာယာ ဥပဒေအရ တရားစွဲဆိုမယ်” လို့ ပြောပါတယ်။

စည်ပင်ဒုဦးစီးမှူး ဦးကိုကိုကျော်က တရားလိုလုပ်ပြီး ယာဉ်မောင်း ဦးမောင်ထွေးနဲ့ ယာဉ်နောက်လိုက် ဦးရဲနောင်တို့ကို စည်ပင်သာယာဥပဒေနဲ့ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013