DVB Logo
Home
မြန်မာသတင်း
မြိတ်စည်ပင်၏ လုပ်ဆောင်မှုများကို ဝေဖန်နိုင်ရန် ပြည်သူ့အကြံပြု စာပုံးများ စတင်ထားရှိ
DVB
·
September 2, 2017
မြိတ်စည်ပင်၏ လုပ်ဆောင်မှုများကို ဝေဖန်နိုင်ရန်  ပြည်သူ့အကြံပြု စာပုံးများ စတင်ထားရှိ
Donate to DVB

မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ အားနည်းချက်၊ အားသာချက်တွေကို ပြည်သူတွေ ဝေဖန်ထောက်ပြနိုင်ဖို့ အကြံပြုစာပုံးတွေ စတင်ထားရှိသွားမယ်လို့ စည်ပင်က ပြောပါတယ်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာ စည်ပင်သာယာရေး ကော်မတီဟာ မြို့ရွာဖွံ့ဖြိုးသာယာရေး လုပ်ငန်းတွေ၊ မြို့အင်္ဂါရပ်တွေနဲ့အညီ ပြုလုပ်ပေးခဲ့ပြီး၊ အချို့လုပ်ဆောင်မှုတွေမှာ အားနည်းချက်တွေ၊ အားသာချက်တွေ ရှိနိုင်လို့ မြို့နေပြည်သူတွေ အကြံပြုဝေဖန်ထောက်ပြနိုင်ဖို့ စာတိုက်ပုံးကို ထားရှိတာဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောကြားပါတယ်။

“ကျနော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ တာဝန်ကို စတင်တာဝန်ယူချိန်မှစပြီး၊ လုပ်ဆောင်ချက်တွေထဲမှာ ကောင်းတာလည်း ရှိမယ်၊ မကောင်းတာလည်း ရှိချင်လည်း ရှိမှာပေါ့၊ အဲဒီအတွက်ကြောင့် မြို့နေပြည်သူ ပြည်သူလူထုတွေ အားမနာတမ်း ဝေဖန် အကြံပြု ထောက်ပြနိုင်ဖို့ ရည်ရွယ်ပြီး မြိတ်မြို့ပေါ်မှာ နေရာ သုံးနေရာကို ရွေးပြီး စာတိုက်ပုံးတွေကို ထားရှိ ပေးသွားမယ်။“

သြဂုတ် ၃၁ ရက်နေ့က စတင်ပြီး ဗိုလ်ချုပ်ကြေးရုပ်၊ ဆိပ်ငယ်ဈေးကြီး၊ မြို့သစ် လမ်းဆုံတွေမှာ မြိတ်စည်ပင်ကော်မတီရုံးကို တိုက်ရိုက် အကြံပြုနိုင်တွေ စာပုံးတွေ ထားရှိထားတယ်လို့ သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ-ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013