DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုကြောင့် တိမ်းရှောင်နေသူများကို ဝေဠုကျော်နှင့်အဖွဲ့ စားနပ်ရိက္ခာများ လှူဒါန်း
DVB
·
September 2, 2017
အကြမ်းဖက်မှုကြောင့် တိမ်းရှောင်နေသူများကို ဝေဠုကျော်နှင့်အဖွဲ့ စားနပ်ရိက္ခာများ လှူဒါန်း
Donate to DVB

ARSA အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ခေတ္တထွက်ပြေး တိမ်းရှောင်ခိုလှုံနေကြတဲ့ မောင်တောဒေသခံတွကို ဝေဋ္ဌုကျော် ဖောင်ဒေးရှင်းက ထောက်ပံ့ငွေနဲ့ အရေးပေါ် စားနပ်ရိက္ခာတွေ ပေးအပ်ခဲ့ပါတယ်။

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်ဝေဠုကျော် နဲ့ စာရေးဆရာဝေဟင်အောင်(စစ်တွေ) တို့ ဦးဆောင်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း ၃ဝဝ ကျော်တန်ဖိုးရှိ အရေးပေါ်စားနပ်ရိက္ခာတွေကို ထောက်ပံ့ ပေးအပ်ခဲ့တာလို့ ပြန်ကြားရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မောင်တောမြို့နယ် သုံးမိုင်၊ လေးမိုင်ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားတွေ၊ မောင်တောမြို့ မြို့မရပ်ကွက် မူလတန်းကျောင်းတွင် ခိုလှုံနေကြတဲ့ ဟိန္ဒူမိသားစုဝင်တွေအတွက် ဆန်နဲ့ အခြားစားနပ်ရိက္ခာတွေ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မောင်တောရှိ အလိုတော် ပြည့် ပရဟိတကျောင်းနဲ့ ဘင်္ဂလားဒေ့ရှ် ဘုန်းတော်ကြီးကျောင်းတွေအတွက်လည်း စားနပ်ရိက္ခာတွေ သွားရောက် ထောက်ပံ့ခဲ့ပြီး ဒေသလုံခြုံရေး အခြေအနေအရ သွားလာရန်ခက်ခဲတဲ့ နေရာတွေအတွက် ကျီးကန်းပြင်စခန်းကို လစာလာထုတ်တဲ့ မော်တော်ယာဉ်နဲ့ ထောက်ပံ့ပစ္စည်းတွေ တင်ပို့ပေးခဲ့ကြောင်းတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

သြဂုတ် ၂၅ ရက်က ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေအတွက် ဝေဠုကျော်ဖောင်ဒေးရှင်းမှ သြဂုတ် ၃ဝ ရက်က စတင်ပြီး ဆန်အိတ် ၁၃ဝဝ၊ အားလူး အိတ် ၅ဝ၊ ဆီ ပိဿာ ၁ဝဝ၊ ကြက်သွန် အိတ် ၂ဝ စုစုပေါင်း ငွေကျပ်သိန်း ၃ဝဝ ကျော်ဖိုး ထောက်ပံ့လှူဒါန်းပြီးဖြစ်ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013