DVB Logo
Home
မြန်မာသတင်း
အချုပ်အခြာအာဏာပိုင်နက် ဘယ်လိုနည်းနဲ့မှ ပဲ့ထွက်ဖို့ မဖြစ်နိုင်ဟု ကာချုပ်ပြော
DVB
·
September 1, 2017
အချုပ်အခြာအာဏာပိုင်နက် ဘယ်လိုနည်းနဲ့မှ ပဲ့ထွက်ဖို့ မဖြစ်နိုင်ဟု ကာချုပ်ပြော
Donate to DVB

မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်နယ်မြေတခုအတွက် ဘယ်လိုနည်းနဲ့မှ ပဲ့ထွက်ဖို့ မဖြစ်နိုင်ဘူးလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့ နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ပြုလုပ် တဲ့ ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်တွေကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဒေသခံတိုင်းရင်းသားတွေ အတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားမှာ ပြောသွားတာပါ။

ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်ဖြစ်စဉ်တွေကို မထိန်းသိမ်းနိုင်ခဲ့ဘူးဆိုရင် အခြေအနေ ဒီထက်ပိုဆိုးရွားတဲ့ ဖြစ်စဉ်တွေဖြစ်လာနိုင်လို့ တပ်တွေလွှတ်ဖို့ အစိုးရကို တင်ပြပြီး အစိုးရကလည်း ခွင့်ပြုသလို သမ္မတရုံးကလည်း တရားဝင်ခွင့်ပြုလို့ စစ်ဆင်ရေး ဆောင်ရွက်နေတာတွေရှိတယ်လို့ ဆိုပါတယ်။

“ဒါကြောင့် ကျနော်တို့အနေနဲ့ ၁၉၄၂ ခုနှစ် ဖြစ်ခဲ့တဲ့ အခြေနေမျိုး ထပ်မံဖြစ်ပွားဖို့အတွက် ဘယ်လိုနည်းနဲ့မှ လက်ခံမှာ မဟုတ်ပါဘူး။ လက်ခံမှာလည်း မဟုတ်၊ နယ်မြေဆုံးရှုံးမှုလည်း ဘယ်လိုမှ အဖြစ်ခံမှာ မဟုတ်ပါဘူး။ သူတို့အနေနဲ့ကတော့ ဒီနယ်မြေကို သူတို့ရပြီးလို့ရှိရင် သူတို့ရဲ့ သတ်မှတ်ထားတဲ့ နယ်မြေတခုကို ကြေညာပြီးတော့မှ နောင်တဖြည်းဖြည်းနဲ့တော့ သူတို့ မျိုးတူတွေနဲ့ ပေါင်းစပ်ဖို့ နေထိုင်ဖို့ ကြိုးစားတာဖြစ်ရင် ဖြစ်ပါလိမ့်မယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ အတိအကျမသိပါဘူး။ ဒီလိုပဲ မှန်းဆရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်နယ်မြေတခုအတွက် ဘယ်လိုနည်းနဲ့မှ ပဲ့ထွက်ဖို့အတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ပြောလိုပါတယ်” လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောပါတယ်။

ဒါ့အပြင် ဒီပြဿနာတွေဟာ နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့တဲ့အတွက် အစိုးရအဆက်ဆက်၊ ခေတ်အဆက်ဆက် ဖြေရှင်းခဲ့ပေမယ့်လည်း မပြီးပြတ်ခဲ့ဘူးလို့ ဆိုပါတယ်။ လက်ရှိအစိုးရ အနေနဲ့လည်း တော်တော်ကို သတိထား ဖြေရှင်းနေတာတွေ့ရပြီး မဖြေရှင်းတာမဟုတ်ဘဲ အမျိုးမျိုးချိန်ဆပြီး လုပ်နေတဲ့ သဘောတွေ့တယ်လို့ ဆိုပါတယ်။

နေဖြိုးဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013