DVB Logo
Home
မြန်မာသတင်း

တပ်မတော်နှင့် အေအေတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွားပြီး ထိခိုက်ကျဆုံးမှုများရှိ

DVB
·
September 1, 2017
တပ်မတော်နှင့် အေအေတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွားပြီး ထိခိုက်ကျဆုံးမှုများရှိ
Donate to DVB

တပ်မတော်နဲ့ အေအေလက်နက်ကိုင်တပ်ဖွဲ့ အကြား သြဂုတ် ၃၁ ရက်နေ့ညနေက ပစ်ခတ်တိုက်ခိုက်မှု တွေဖြစ်ပွားခဲ့တယ်လို့  နှစ်ဖက်စလုံးက အတည်ပြုသတင်းထုတ်ပြန်ပါတယ်။

ရက္ခိုင့်တပ်မတော် AA ရဲ့ တိုက်ခိုက်မှုကြောင့် တပ်မတော်အရာရှိ စစ်သည်တချို့ အသက်ဆုံးရှုံးခဲ့ရတဲ့အကြောင်းနဲ့ တပ်မတော်က ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းနဲ့ လုံခြုံရေး အတွက် ကြိုးပမ်းဆောင်ရွက်ချိန်မှာ AA အဖွဲ့က တပ်မတော်စစ်ကြောင်းကို အလစ်အငိုက်ရယူ ချောင်းမြောင်းတိုက်ခိုက်ခဲ့တာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။

အမျိုးသားရေးကိစ္စ လုံးပန်းဆောင်ရွက်နေချိန်မှာ ခုလို တိုက်ခိုက်ခဲ့အတွက် AA အဖွဲ့ကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချတဲ့အပြင်  ထိရောက်စွာ လက်တုံ့ပြန် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ လည်း တပ်မတော်ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ကုလားတန်မြစ် အနောက်ဘက်အခြမ်း၊ ကန်သရက် တောင်တန်းမှာ ရက္ခိုင့်တပ်မတော်၊ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၂၁၄) နဲ့  ဂွအခြေစိုက် တပ်မတော်တပ်ရင်း(၅၆၆)တို့ မနေ့ ညနေ (၃) နာရီ မှ (၄) နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  ရက္ခိုင့်တပ်မတော်ဘက်ကလည်း ထုတ်ပြန်ထားပါတယ်။

၁ နာရီလောက်ကြာ တိုက်ပွဲအတွင်း တပ်မတော်ဘက်က အလောင်း ၆ လောင်း အပါအ၀င် လက်နက်ကြီး လက်နက်ငယ်နဲ့ ကျည်ဆန်တွေကိုလည်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- အေအေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013