DVB Logo
Home
မြန်မာသတင်း
ဒဂုံဧရာ အဝေးပြေးဝင်းတွင် ပိုင်ရှင်မဲ့ကျည်ဆန်များ တွေ့ရှိ
DVB
·
September 1, 2017
Donate to DVB

ရန်ကုန် လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေးဝင်းထဲမှာ သြဂုတ် ၃၁ ရက် က လိုင်းကားတစီးပေါ်မှာ ပိုင်ရှင်မဲ့ ကျည်ဆန်တွေ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြပါတယ်။

သတင်းအရ သောင်ကြီးနယ်မြေရဲစခန်းက စခန်းမှူး ရဲအုပ်မြင့်ဇော်ဦးနဲ့အဖွဲ့ သွားရောက်စုံစမ်းစစ်ဆေးခဲ့ရာမှာ သြဂုတ် ၃၁ ရက် မနက် ၈ နာရီခွဲလောက်က မြောင်းမြကနေ လှိုင်သာယာမြို့နယ်ကို မျိုးမင်းဇော် မောင်းနှင်ပြီး ခရီးသည် ၃၇ ဦး လိုက်ပါလာတဲ့ယာဉ်ဟာ ဒဂုံဧရာအဝေးပြေးဝင်းကို ရောက်ရှိပြီး ခရီးသည်တွေ ကားပေါ်က ဆင်းသွားကြပြီးနောက် ကားသန့်ရှင်းရေး ပြုလုပ်ချိန်မှာ စက္ကူအဖြူနဲ့ပတ်ထားတဲ့ စက္ကူဘူးငယ်တခုထဲက ဒသမ ၃၀၃ ရိုင်ဖယ်ကျည် ၂၅ တောင့်ပါ ဘူးတဘူးကို တွေ့ရှိခဲ့တာလို့ သိရပါတယ်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့ တိုးဂိတ်မှာ လေသေနတ် ကိုင်ဆောင်သူတွေကို ဖမ်းဆီးလိုက်တယ်လို့ လည်းသိရပါတယ်။

သြဂုတ် ၃ဝ ရက်မနက်အစောပိုင်းက   ယာဉ်အ၀င်ပိတ်ဆို့ ရှာဖွေနေစဉ် ပြည်ကနေ ရန်ကုန်ကို ယာဉ်မောင်း စိုးရာဇာ မောင်းနှင်ပြီး ဖိုးခွား(ခေါ်)ချစ်မင်းကျော် ၊ ကိုမိုးလွင်တို့ လိုက်ပါလာတဲ့ အဖြူရောင်ယာဉ်ကို ရပ်တန့် စစ်ဆေးရာ ယာဉ်နောက်ခန်းမှာ သစ်သားနဲ့ပြုလုပ်ထားပြီး ဘောစေ့ထည့်ပစ်ရတဲ့ လုပ်သေနတ်ကို သိမ်းဆည်းရမိခဲ့တာပါ။

တိုက်ကြီး မြို့မရဲစခန်းက လူ့အသက်အန္တရာယ် ဖြစ်စေတဲ့ လေသေနတ်ကို ခွင့်ပြုချက်မရှိဘဲ ကိုင်ဆောင်သူ ချစ်မင်းကျော်၊ မိုးလွင်နဲ့ စိုးရာဇာတို့ကို အမှုဖွင့် အရေးယူထား တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-ကြေးမုံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013