DVB Logo
Home
မြန်မာသတင်း
ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေးကို ပြစ်မှုမမြောက်သဖြင့် တရားသေပြန်လွှတ်
DVB
·
September 1, 2017
ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေးကို ပြစ်မှုမမြောက်သဖြင့် တရားသေပြန်လွှတ်
Donate to DVB

မတရားအသင်းဥပဒေပုဒ်မ ၁၇ (၁)နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ဗဟိုကော်မတီဝင် ဦးမင်းဌေးကို ဒီကနေ့ မိုးမောက်မြို့နယ်တရားရုံးကနေ တရားသေ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒီကနေ့ ၂၇ ကြိမ်မြောက်ရုံးထုတ်မှာပဲ သူ့ကို စွဲချက်တင်တဲ့အမှုဟာ ပြစ်မှုမမြောက်ကြောင်း ဆုံးဖြတ်ပြီး တရားသေ ပြန်လွှတ်ပေးလိုက်တာလို့ ဦးမင်းဌေးရဲ့ ဇနီးဒေါ်နန်းယဉ်က ပြောပါတယ်။

“တရားသူကြီးအနေနဲ့ ဆုံးဖြတ်တာက အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်းက ကေအိုင်အေ ထိန်းချုပ်နယ်မြေမှာ ရှိတယ်ဆိုတာက နဂိုကတည်းက အန်စီအေမထိုးခင်ကတည်းက ၈၈ နောက်ပိုင်းမှာ ရှိခဲ့တာဖြစ်တယ်ဆိုတာကို ပြောတယ်။ နောက်ပြီတော့မှ ပါလာတဲ့ ဘက်တံဆိပ်တွေကလည်း အဖွဲ့ရဲ့ ဘက်တံဆိပ်တွေဖြစ်တယ်။ အဖွဲ့ကလည်း အန်စီအေမှာ လက်မှတ်ထိုးပြီးသား။ မတရားအသင်းကနေလည်း ကင်းလွတ်တဲ့ကြေညာချက် ထုတ်ပြီးသားဖြစ်တယ်ဆိုတဲ့ ဥစ္စာပြောတယ်။ နောက်တခုကတော့ ဒီဓာတ်ပုံတွေ ရိုက်ထားတယ်ဆိုတာနဲ့ မတရားအသင်းအတွက် အလုပ်လုပ်ပေးတယ်ဆိုတာ မဖြစ်နိုင်ဘူးပေါ့။ ဓာတ်ပုံတွေ ရိုက်ထားတယ်ဆိုလို့ရှိရင် ကျန်တဲ့ဆက်သွယ်နေတဲ့  နိုင်ငံတော်အကြီးအကဲတွေ အပါအ၀င် အားလုံးဆက်သွယ်နေကြတာပဲ။ ကိုမင်းဌေးဟာ ကေအိုင်အေ အတွက် အလုပ်လုပ်ပေးနေတယ်ဆိုတာ မဖြစ်နိုင်ဘူးပေါ့နော်။ ထင်ကြေးနဲ့ စွဲချက်တင်လို့မရဘူး။ ဒါကြောင့်မို့လို့ တရားသေ လွှတ်လိုက်တယ်ဆိုပြီးတော့မှပဲ လွှတ်လိုက်တာပါ။ ”

ဦးမင်းဌေးရဲ့အမှုနဲ့ပတ်သက်ပြီး သြဂုတ် ၃၀ ရက်နေ့က နှစ်ဖက်ရှေ့နေတွေက အပြီးသတ်လျှောက်လဲ ချက်ပေးပြီး ဒီကနေ့ ရုံးချိန်းမှာ လွှတ်မိန့်ချလိုက်တာဖြစ်ပါတယ်။

ဦးမင်းဌေးကို တရားသေ ပြန်လွှတ်ပေးလိုက်တဲ့ပေါ် ၀မ်းသာကြိုဆိုကြောင်းလည်း ဒေါ်နန်းယဉ်က ပြောပါတယ်။

“ဘာပဲပြောပြောကျမကတော့ ၀မ်းသာတာပေါ့။ ဟို ၈ လတော့ နေလိုက်ရတာပေါ့။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျမတို့က ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို သွားနေတဲ့အခါ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီအတွက်ကို ဘာမှမပြောချင်တော့ဘူးပေါ့နော်။ ကျမတို့ ယုံကြည်မှုတည်ဆောက်တဲ့ ကာလဖြစ်တယ်ဆိုတဲ့အခါမှာ ဘာပဲပြောပြော တရားဥပဒေဘောင်ထဲမှာ တရားဥပဒေအရ တကယ်ပဲ လွှတ်သင့်လွှတ်ထိုက်တယ်။  တရားဥပဒေအရ ဒါအမှုမဖြစ်သင့်ဘူး။  မစွဲသင့်ဘူးလို့ တကယ်ပဲ မှန်မှန်ကန်ကန်ဆုံးဖြတ်ပြီး လွှတ်ပေးတဲ့အပေါ်မှာ ကျမတို့အနေနဲ့ တကယ်ပဲ ၀မ်းသာကြိုဆိုပါတယ်။”

ဦးမင်းဌေးဟာ ပြီးခဲ့ ၂၀၁၆ ဒီဇင်ဘာ ၂၈ ရက်နေ့က ဗန်းမော်–လွယ်ဂျယ် ကားလမ်းပေါ်က စိန်လွယ်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ခုဆိုရင် အကျဉ်းထောင်မှာ ထိန်းသိမ်းခံနေရတာ ရက်ပေါင်း  ၃၀၀ လောက် ရှိပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013