DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိမ်းမှောက်၊ နှစ်ဦး ဒဏ်ရာရ
DVB
·
September 1, 2017
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိမ်းမှောက်၊ နှစ်ဦး ဒဏ်ရာရ
Donate to DVB

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ စက်တင်ဘာ ၁ ရက်နေ့ မနက်အစောပိုင်းက ယာဉ်မတော်တဆမှုတခု ဖြစ်ပွားပြီ အမျိုးသား နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အုတ်ရှစ်ကုန်း  အမြန်လမ်းမကြီးရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ ဒိုက်ဦးမြို့နယ် အုတ်ရှစ်ကုန်း အမြန်လမ်းမကြီးရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၆၅/၇ နဲ့ ၆၆/၀ အကြားမှာ ရန်ကုန်ကနေ နေပြည်တော်ကို ယာဉ်မောင်း အောင်မျိုး မောင်းနှင်လာတဲ့ မော်တော်ယာဉ်ဟာ ယာဉ်မောင်း အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ကာရံထားတဲ့ ကပ်တုံးတွေ ဝင်တိုက်မိကာ တဖက်ယာဉ်ကြောကို ရောက်ပြီး တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါသူ အမျိုးသား နှစ်ဦးစလုံး ဒဏ်ရာတွေရပြီး မြို့ချောင်းဆေးရုံကို တင်ပို့ထားရတယ်လို့ ဆိုပါတယ်။

ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး အုတ်ရှစ်ကုန်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ နဲ့ ယာဉ်မောင်း အောင်မျိုးကို အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁ ရက် မနက် ၄ နာရီ ၄၀ မိနစ်အချိန်လောက်ကလည်း အုတ်တွင်းမြို့နယ် ဗောဓိကုန်းအမြန်လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၁၃၉/၆ နဲ့ ၁၃၉/၇ ကြားမှာလည်း ရန်ကုန်ကနေ နေပြည်တော်ကို မောင်းနှင်လာတဲ့ CANTER အမျိုးအစား ၆  ဘီးယာဉ်တစီးလည်း တိမ်းမှောက်ခဲ့ပြီး လူတွေ ထိခိုက်ဒဏ်ရာမရဘူးလို့ ဗောဓိကုန်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်းက သိရပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013